ဒေါ်လာ(၂၃)ဘီလျံတန် စီးပွားရေးသဘောတူညီချက် ပြုလုပ်ခဲ့သည့် တရုတ်နှင့် ဗြိတိန်နိုင်ငံ
ဗြိတိန်ဝန်ကြီးချုပ် "ဒေးဗစ်ကင်မရွန်"နဲ့
တရုတ်ဝန်ကြီးချုပ်"လီကျီကျင်း"တို့ဟာ လန်ဒန်မှာပြုလုပ် ခဲ့တဲ့
တွေ့ဆုံပွဲအပြီးမှာ အမေရိကန်ဒေါ်လာ သန်းသောင်းနဲ့ချီတဲ့စီးပွားရေးသဘောတူညီချက် ရရှိ ခဲ့ပြီဖြစ်တယ် လို့သိရပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် "ဒေးဗစ်ကင်မရွန်း"နဲ့
တရုတ် ၀န်ကြီးချုပ်" လီကျင်းကျင်" တို့ဟာ လန်ဒန်မြို့မှာ
အင်္ဂါနေ့တုန်းကပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲအပြီးမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း
နှစ်သောင်းသုံးထောင် တန်ဖိုးရှိတဲ့ စီးပွားရေး သဘောတူညီချက် ရရှိခဲ့တယ်လို့
သိရပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေက စွမ်းအင်၊ဘဏ္ဍာရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ
နယ်ပယ်တွေမှာပူးပေါင်းဖို့ သဘောတူညီခဲ့ကြတာ ဖြစ်တယ်လို့
ဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေ ကို ပြောကြား ထားပါတယ်။
ရေနံကုမ္ပဏီကြီးဖြစ်တဲ့ BP ဟာတရုတ်နိုင်ငံ ဆီသဘာဝဓာတ်ငွေ့ ကို
နှစ်ပေါင်း(၂၀) ကြာအောင် တင်ပို့မယ်ဆိုတဲ့ အချက်လည်း သဘောတူညီချက်ထဲမှာ
ပါဝင်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်"ဒေးဗစ်ကင်မရွန်း"ကတော့
မြန်နှုန်းမြင့်မီးရထားလမ်းစနစ်၊ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်မှုနဲ့
လန်ဒန်မြို့မှာ တရုတ်ယွမ်ငွေ အသုံးပြုမှုတွေ အပါအ၀င် တရုတ်နိုင်ငံရဲ့
ရင်းနှီးမြှုပ်နှံ မှုတွေကို ကြိုဆိုထားပါတယ်။ မနှစ်ကသွားရောက်လည်ပတ်ခဲ့တဲ့
တရုတ်ခရီးစဉ်အတွင်းမှာ ဗြိတိန်ဝန်ကြီး "ဒေးဗစ်ကင်မရွန်း"ကနှစ်နိုင်ငံ
ရင်းနှီးမှုရရှိဖို့အတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ
လုပ်ဆောင်သင့် တယ်လို့ ပြောကြားခဲ့ဘူးပါတယ်။
No comments:
Post a Comment