Wednesday, June 18, 2014

မြန်မာကို ကမ္ဘာကသိအောင်ပြဖို့ဆိုတာ သဘင်အကနဲ့ ပဲပြလို့ ရတာပါလို့ဆိုတဲ့ မေကဗျာ

သရုပ်ဆောင်မေကဗျာကို လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီးမေးဖြစ်ခဲ့ တာကတော့ “လတ်တလောမှာတော့ ကားရိုက်မရှိသေးပါဘူး။ ၂၅၊ ၂၆ ရက်နေ့လောက်မှ ကိုနေမျိုးအောင်နဲ့ ကားရိုက်ဖို့အတွက် ပုပ္ပါးကိုသွားဖို့ ရှိပါမယ်။ ဇာတ်ကား နာမည်တော့ သေချာမသိရသေးပါဘူး။ နောက်ပိုင်း ဇာတ်ကား ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး ကိုယ့်ဆီလာအပ်တဲ့ ဇာတ်ပေါ်မှာပဲ အကောင်းဆုံး ဘယ်လိုဖြစ်အောင်လုပ်မယ် ဆိုပြီးပဲ စိတ်ကူးပါတယ်။ နောက်တစ်ခုက အသက်အရွယ်ရလာတာလည်းပါတော့ ပရိသတ်ရင်ထဲ ကျန်စေမယ့် ဇာတ်မျိုးတွေကိုပဲ လက်ခံရိုက်ကူးဖြစ်သွားမှာပါ။ နှင်းဆီအငြိမ့် အဖွဲ့နဲ့ ကဖို့ ရှိတော့ရှိပါတယ်။ မသေချာသေးပါဘူး။ အငြိမ့်ကပြဖျော်ဖြေရတာနဲ့ ဇာတ်ကားရိုက်ကူး ရတာနဲ့ ကွာခြားချက် ကတော့ ဘယ်လိုပြောရမလဲ။ အငြိမ့်ဆိုတာဟာလည်း အနုပညာပါပဲ။ အနုပညာ အလုပ်ဆိုတာ မလွယ်ပါဘူး။ မြန်မာအကနဲ့ ပတ်သက်ပြီးတော့လည်း အကတွေ အများကြီး၊ အများကြီးပဲရှိပါတယ်။
 မြန်မာအကတွေကဖို့ တော်တော်ခက်ခဲတာတွေလည်း ရှိပါတယ်။ မြန်မာအက ဆိုတာ တော်ရုံ တန်ရုံနဲ့လိုက်ကဖို့ မလွယ်တဲ့ အလုပ်ပါ။ ကဗျာက ငယ်ငယ်လေးကတည်းက သဘင်အက ကရတာတွေကို အရမ်းဝါသနာပါတယ်။ ငယ်ငယ်ကတည်းက ဇာတ်သဘင် ပွဲတွေကို ကြည့်ရတာ အရမ်းကြိုက်တယ်။ သဘောကျတယ်။ ကဗျာငယ်ငယ်ကတည်းက အနုပညာနဲ့ပတ်သက်ရင် သဘင်ဝါသနာ ပိုးနဲ့စခဲ့တာလို့ ပြောလို့ရပါတယ်။ မြန်မာအကနဲ့ ပုံဂံအကကရတာ ကိုကဗျာဝါသနာပါတယ်။
ကဗျာက မြန်မာအကနဲ့ ပတ်သက်ပြီး ငယ်ငယ်ကကျောင်းမှာ ကဗျာလွတ်ကတယ်။ ပြီးတော့ဆို၊က၊ရေး၊တီးတွေမှာ ပြိုင်ခဲ့ဖူးပါတယ်။ ပြီးတော့ဇာတ်သဘင်လောကကြီးကို ဒီထက်အများကြီး တိုးတက်ဖြစ်ထွန်းစေချင် တယ်။ မြန်မာကို ကမ္ဘာကသိအောင်ပြဖို့ဆိုတာ သဘင်အကနဲ့ပဲပြလို့ရတာပါ။ ကဗျာက ဒီသဘင်ပညာကို အရမ်းတန်ဖိုးထားတယ်။ တကယ်လည်းဖြစ်စေချင်တယ်။ ပြီးတော့ ကမ္ဘာက လေးစားခြင်းကိုလည်း ခံချင်ပါတယ်။”လို့ သူမက ပြောပါတယ်။

No comments:

Post a Comment

back to top