Wednesday, June 18, 2014


ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E Mr. Tateshi  HIGUCHI နှင့်အဖွဲ့ လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး အား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E Mr. Tateshi HIGUCHI နှင့်အဖွဲ့ဝင် (၄) ဦးပါ အဖွဲ့သည် ဇွန်လ (၁၇) ရက် နေ့လည် ၁၂ နာရီ အချိန်တွင် နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက် တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်အတူ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E Mr. Tateshi HIGUCHI နှင့်အတူ အဖွဲ့ဝင်များ တက်ရောက် ကြသည်။


ထိုသို့တွေ့ဆုံရာတွင် ဂျပန်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြင့် ဆောင် ရွက်ရေးကိစ္စ ရပ်များ၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များအား ခင်မင်ရင်းနှီး စွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E Mr. Tateshi HIGUCHI အား အမှတ်တရ လက်ဆောင် ပစ္စည်းများပေးအပ်ပြီး မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top