နိုင်ငံခြားလုပ်သားများကို ဖိအားပေးခြင်းမရှိဟု ထိုင်းစစ်တပ်သတင်း ထုတ်ပြန်
ထိုင်းစစ်တပ်ခေါင်းဆောင်များဖြင့်
ဖွဲ့စည်းထားသော အမျိုးသားငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရေး ကောင်စီက
ယနေ့သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် နိုင်ငံခြား အလုပ်သမားများကို ဖိအားပေးခြင်း မရှိဟု
ဖော်ပြထားကြောင်း ရိုက်တာသတင်းကဆိုသည်။
ထိုင်းစစ်တပ်နှင့်
အမျိုးသားငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရေးကောင်စီတို့သည် ပြည်ပမှ
ထိုင်းနိုင်ငံအတွင်းသို့လာရောက်အလုပ်လုပ်ကိုင်လျက်ရှိသော နိုင်ငံခြားအလုပ်သမားများကို
နေရပ်ပြန်စေရန် ဖိအားပေးသည့်အသွင်မျိုး သက်ရောက်မည့် မူဝါဒများဖော်ဆောင်ရန် ကြိုးစားနေခြင်းကြောင့်
ထိုင်းနိုင်ငံ ရှိ နိုင်ငံခြားအလုပ်သမားများ အစုလိုက်အပြုံလိုက် ထွက်ခွာလျက်ရှိသည်ဟု
သုံးသပ်မှုများပေါ်ထွက် လာခြင်းကြောင့် ယခုကဲ့သို့ သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့်
သီတင်းပတ်အတွင်း ထိုင်းနိုင်ငံတစ်ဝန်းတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ကမ္ဘောဒီးယားအလုပ်သမား
သောင်းနှင့် ချီ၍ နေရပ်ပြန်မှု ဖြစ်ပေါ်ခဲ့ပြီးနောက်တွင် ထိုင်းအမျိုးသားငြိမ်း ချမ်းရေးနှင့်
ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရေးကောင်စီက နိုင်ငံခြားအလုပ်သမားများကို နိုင်ငံအတွင်း၌
အရေအတွက်အနည်းဆုံး အခြေ အနေရောက်ရှိစေမည့် မူဝါဒများချမှတ် အကောင်အထည်ဖော်ရန် စီစဉ်နေသည်ဆိုသော
သုံးသပ် ချက်များပေါ်ထွက်လာခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင်
အခြေစိုက်ထားသော နိုင်ငံတကာ ရွှေ့ပြောင်းလုပ်သားများအဖွဲ့ချုပ်မှ တွက်ချက်ထားသော စာရင်းများအရ
ထိုင်းနိုင်ငံကိုစွန့်ခွာပြီး နေရပ်ပြန်သွားသော ကမ္ဘောဒီးယား အလုပ်သမားအရေအတွက်မှာ တစ်သိန်းကျော်ခန့်ရှိပြီဟု
သိရသည်။ ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် တစ်ရပ်တွင် နေရပ်ပြန်သွားသည့်
ကမ္ဘောဒီးယားအလုပ်သမားများမှာ တရားမ၀င်အလုပ်လုပ်ကိုင်နေ သူများဖြစ်ပြီး ထိုင်းနိုင်ငံတစ်ဝန်းလုံး၌
တရားမ၀င်အလုပ်လုပ်ကိုင်နေသော ကမ္ဘောဒီးယားအလုပ်သမား အရေအတွက် ကိုးသောင်းကျော်ရှိသည်ဟု
ဖော်ပြသည်။
No comments:
Post a Comment