Tuesday, June 17, 2014


ဘိုကလေး မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တာဝန်ပေးအပ်ပွဲနှင့် လူငယ်တွေ့ဆုံပွဲ အခမ်းအနားကျင်းပ



ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲ အခမ်းအနားကို ဘိုကလေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် (၁၅-၆-၂၀၁၄) ရက်နေ့ နံနက်(၀၉း၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မြို့နယ်ပါတီအတွင်းရေးမှူး ဦးမြသိန်းက သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ရာ ပါတီဝင်လူငယ်များက 'ရာသက်ပန်ပြည်ထောင်စု' သီချင်းကို သံပြိုင်သီဆို ဖွင့်လှစ် ပေးခဲ့ပြီး သဘာပတိက အမှာစကားပြောကြား၍ လူငယ်အလံများကို မြို့နယ်ပါတီကော် မတီဝင် လူငယ်တာဝန်ခံ ဦးဇင်ဘိုဘိုမောင်နှင့် နယ်မြေအလိုက် ရပ်/ကျေး လူငယ်ခေါင်းဆောင်များထံသို့ ပေးအပ်ခဲ့ပါသည်။ ထို့နောက်လူငယ်များကတိသစ္စာ ပြုခဲ့ကြပြီး ပထမပိုင်းအစီအစဉ်ကို 'အောင်မြင် ပါစေမြန်မာပြည်' သီချင်း သီဆို၍ ခေတ္တရပ်နားခဲ့ပါသည်။


အခမ်းအနား ဒုတိယပိုင်းအစီအစဉ်တွင် သဘာပတိက အမှာစကားပြောကြား၍ မြို့နယ်ကော်မတီဝင် လူငယ်တာဝန်ခံ ဦးဇင်ဘိုဘိုမောင်က ဆွေးနွေးမည့် အစီ အစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လူငယ်ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ပြီး လူငယ်အစုအဖွဲ့များမှ ဆွေးနွေးတွေ့ရှိချက် 'လူငယ်နှင့် တိုင်းပြည်ဖွံ့ဖြိုးရေး 'လူငယ်နှင့်နိုင်ငံရေး'၊ 'လူငယ်နှင့်၂၀၁၅ အောင်နိုင်ရေး' စာတမ်းများကို အစုအဖွဲ့ ခေါင်းဆောင်များက ဖတ်ကြားခဲ့ပါသည်။
ထို့နောက် သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားပြီး နေ့လည်(၂း၀၀) နာရီတွင် အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ပါတီ နာယက (၃)ဦး၊ တိုင်းဒေသကြီး ပါတီကော် မတီဝင် မြို့နယ်တာဝန်ခံ အတွင်းရေးမှူးနှင့် ခရိုင်အတွင်းရေးမှူးနှင့် ပါတီကော်မတီ ၀င် (၄) ဦး၊ မြို့နယ်ပါတီကော်မတီဝင် (၁၂) ဦး၊ ရပ်/ကျေးစည်းမှူး (၈၆) ဦး၊ လူငယ်(၂၅၈) ဦး၊ စုစုပေါင်း(၃၆၃) ဦးတက်ရောက်ခဲ့ပါသည်။

No comments:

Post a Comment

back to top