Tuesday, June 17, 2014

လူသစ်တစ်ယောက်ကဲ့သို့ ပုံစံသစ်ဖြင့် မြင်ရမည့် အေသင်ချိုဆွေ၏ Play Boy

''ပေါက်တဲ့အိုး'' တေးသီချင်းခွေနှင့် ''အနီးဆုံးလူ နမ်းမှာလား'' တေးသီချင်းတို့ဖြင့် ပရိသတ်အခိုင်အမာ ရရှိ လာခဲ့သူ အဆိုတော် အေသင်ချိုဆွေ၏ တတိယမြောက် တေးသီချင်းခွေဖြစ်သည့် ''PlayBoy'' Audio အခွေကို ဇွန် ၂၁ ရက် တွင် Bo Bo Music မှ ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။ အေသင်ချိုဆွေ၏ ''PlayBoy'' အခွေတွင် သူမ၏ ယခင်ထွက်ရှိထားသော တေးသီချင်းခွေ များနှင့်မတူ ခြားနားစေ မည်ဖြစ်ပြီး ယခုအခွေထဲတွင် ပရိသတ်များက သူမအား လူသစ်တစ်ယောက်ကဲ့သို့ ပုံစံသစ်ဖြင့် မြင်တွေ့ရအောင် ကြိုးစားထားပုံကိုလည်း ''အေသင် ဒီအခွေလေးက ၂ဝ၁ဝ ပြည့်နှစ်ကတည်းက လုပ်နေတာပေါ့။ ကြားထဲမှာ ''အနီးဆုံးလူ နမ်းမှာလား'' စီးရီးထုတ်ဖြစ်သွားတော့ ဒီအခွေက နည်းနည်းကြာသွားတယ်။
ဒီအခွေထဲမှာ သီချင်းတွေက အချစ်သီချင်းလေးတွေများမယ်။ သီချင်းစာသားတွေက အရမ်းမိုက်တယ်။ တီးလုံး တွေကို သိပ်ပြီးဆန်းသစ် ထားတာမပါပေမယ့် စာသားတွေကို သေချာနားထောင်ကြည့်ရင် ပရိသတ်အကြိုက် တွေ့မှာပါ။ အေသင့် အနေနဲ့ အခွေကြာသွားတယ် ဆိုတာက ပရိသတ်တွေကို အစတုန်းက ပုံစံနဲ့မတူတဲ့ နောက်ထပ်ပုံစံသစ် တစ်ယောက် အနေနဲ့ ချပြချင်တာကြောင့် အခွေ Cover Billboard တွေကအစပေါ့ အားလုံးကို ပုံစံပြောင်းထားတာပါ။ ရင့်ကျက်သွားတဲ့ မိန်းကလေး တစ်ယောက်အနေနဲ့ မြင်စေချင်လို့လည်း ပါပါတယ်'' ဟု သူမက ပြောပြခဲ့သည်။
''PlayBoy'' တေးသီချင်း အခွေထဲတွင် တေးရေးဆရာများ ဖြစ်ကြသည့် ရွှေဂျော်ဂျော်၊ ဆဲ(လ်)၊ ဖိုးကာ၊ ဟဲလေး၊ ကြက်ဖ၊ J-Me၊ သြရသ၊ Ar-t၊ အေသင်ချိုဆွေ၊ မိစန္ဒီ၊ တယ်ရီ၊ မင်းကိုတို့က ပါဝင်ရေးစပ် သီကုံးထားကာ ပါဝင် အားဖြည့် သီဆို ထားသော အဆိုတော်များမှာ ကြက်ဖ၊ J-Me၊ သြရသနှင့် မိစန္ဒီ တို့ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့ တော်ဝင်စင်တာ၌ ဇွန် ၂၁ ရက်တွင် ညနေ ၄ နာရီ မှ ၆ နာရီအထိ Promotion ကျင်းပမည်ဖြစ်သည်။ ထို Promotion နေ့ တွင် အေသင်ချိုဆွေ ကိုယ်တိုင် Hand made လုပ်ထားသည့် Photo Scrapbooks လေးအုပ်ကို ကံစမ်းမဲ ဖောက်ပေး မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top