Wednesday, June 18, 2014


အီရန်တွင် ဗြိတိန်သံရုံးပြန်ဖွင့်ရန်စီစဉ်
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိသ်က အီရန်နိုင်ငံတွင် ဗြိတိန်နိုင်ငံသံရုံး ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေ သည်ဟု ပြောကြားခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ယနေ့ပြောပြသည်။ ဗြိတိန်အစိုးရသည် ၂၀၁၁ ခုနှစ်က တိုက်ခိုက်မှုခံခဲ့ရပြီးနောက်တွင် အီရန်နိုင်ငံ၌ ဖွင့်လှစ်ထားသော သံရုံးကို ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။

အီရန် နိုင်ငံနှင့် ရူဟာနီသမ္မတဖြစ်လာပြီးနောက်ပိုင်း ဗြိတိန်နိုင်ငံနှင့်သာမက အနောက်တိုင်းနိုင်ငံများနှင့်ပါ သံတမန်ဆက်ဆံရေး ကောင်းမွန်လာခြင်းကြောင့် ဗြိတိန်အစိုးရသည် အီရန်နိုင်ငံ၌ သံရုံးပြန်ဖွင့်ရန် စီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။ ၀ီလျံဟိသ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဗြိတိန်အစိုးရသည် အီရန်အစိုးရ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်လျက်ရှိပြီး သံရုံး အမြန်ဆုံး ဖွင့်လှစ်နိုင်ရန် ရည်ရွယ်နေကြောင်း ပြောသည်။

No comments:

Post a Comment

back to top