Wednesday, June 18, 2014


ကမ္ဘာ့အမွေအနှစ်တစ်ခု ဖြစ်လာနိုင်သည့်ဂျပန်နိုင်ငံ ပိုးထည်စက်ရုံ
ယူနက်စကိုဟာတင်ပြထားတဲ့ အချက်အလက်တွေကို စုံစမ်းသုံးသပ်ပြီးတဲ့နောက်မှာ ဂျပန်နိုင်ငံမှာရှိတဲ့ ပိုးထည်ရက်လုပ်စက်ရုံကို ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ယူနက်စကို UNESCO ဟာတင်ပြလာတဲ့ အချက်အလက်တွေကို ဆင်ခြင်သုံးသပ်ပြီး ဂျပန်နိုင်ငံက ရှေးဟောင်းပိုးထည် ရက်လုပ်စက်ရုံကို ကမ္ဘာ့အမွေအနှစ်တစ်ခု အဖြစ်သတ်မှတ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ယူနက်စကိုအဖွဲ့အစည်းဟာ အဆိုပြုထားတဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ပေးဖို့ တင်ပြထား တဲ့ နေရာ(၄၁)ခုကို လာမယ့်ဇွန်လ(၂၅)ရက်နေ့မတိုင်ခင် ကာတာနိုင်ငံမြို့တော် "ဒိုဟာ"မှာပြုလုပ်မယ့် အစည်းအဝေး မတိုင်ခင် ပြန်လည်သုံးသပ်နေတယ်လို့ သိရပါတယ်။ ယူနက်စကိုက အဖွဲ့ဝင်တွေဟာ အမွေအနှစ်အဖြစ် သတ်မှတ်ပေးဖို့တင်ပြထားတဲ့ ဂျပန်နိုင်ငံ ဂန်မာစီရင်စုရှိ တိုမီရိုက ပိုးထည်စက်အပြင် အနီးပတ်ဝန်းကျင်ကနေရာတွေကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်၊မသတ်မှတ်ရေးကို လာမယ့်သောကြာနေ့နဲ့ စနေနေ့တွေမှာ ကွင်းဆင်းလေ့လာကြမှာ ဖြစ်တယ်လို့သိရပါတယ်။


အဲ့ဒီပိုးထည်စက်ကို နိုင်ငံပိုင်စက်ရုံအဖြစ်နဲ့ (၁၈၇၂ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ယူနက်စကို အကြံပေးအဖွဲ့ကတော့ ဒီပိုးထည်စက်ရုံဟာ ဂျပန်နိုင်ငံရဲ့စက်မှုနိုင်ငံ ကူးပြောင်းခဲ့ရာမှာ အဓိကကျခဲ့ တာကြောင့် တိုမီရိုက ပိုးထည်စက်ရုံဟာ ကမ္ဘာ့အမွေအနှစ်တစ်ခု ဖြစ်ထိုက်တယ်လို့ ဒီနှစ်ဧပြီလတုန်းက သတ်မှတ်ပေးထားပါတယ်။

No comments:

Post a Comment

back to top