(၅)နှစ်စီမံကိန်းဖြင့်
စတင်ဆောင်ရွက်နေပြီဖြစ်သည့် Asia Farmer to Farmer Program
အမေရိကန်ပြည်ထောင်စု
နိုင်ငံတကာဖွံ့ဖြိုးမှုအစီအစဉ်(USAID) ရဲ့ ထောက်ပံ့မှုနဲ့
Winrock "၀င်းရော့ " International အဖွဲ့မှ Asia Farmer to Farmer
Program ကို စတင်ဆောင် ရွက်နေပြီ ဖြစ်ကြောင်း ဇွန်လ (၁၇)ရက်နေ့က မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှာ
ပြုလုပ်ခဲ့တဲ့ အပတ်စဉ် အစည်းအဝေးမှ သိရပါ တယ်။
ဒီစီမံကိန်းမှာတော့
(၂၀၁၄)ခုနှစ်မှ (၂၀၁၈)ခုနှစ်အထိ စီမံကိန်းကာလ(၅)နှစ်သတ်မှတ် ထားကာWinrock
" ၀င်းရော့ "
International အဖွဲ့မှ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်
မွေးမြူရေး၊ စိုက်ပျိုးရေးနဲ့ရေ လုပ်ငန်း တို့မှာ နည်းပညာများ ပံ့ပိုးကူညီသွားမှာ ဖြစ်ပါတယ်။
ဆောင်ရွက်ရာမှာတော့ ရန်ကုန်တိုင်းဒေ သကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊
မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာ အဓိကထား ဆောင်ရွက်သွားမှာပဲ
ဖြစ်ပါတယ်။ လက်ရှိမှာတော့ ငါးမွေးမြူရေးနဲ့ ပတ်သက်ပြီး ငါးကန်နဲ့ ရေအရည်အသွေး စစ်ဆေးခြင်း၊
ငါးကန်အရည်အသွေး ထိန်းသိမ်းစစ်ဆေးဖို့ အတွက် ရေကြည်နှုန်းတိုင်းကိရိယာ အသုံးပြုမှုနည်းပညာ
များကို ငါးမွေးမြူရေးကန်များသို့ သွားရောက်ကာ ကွင်းဆင်းပို့ချနေပြီ ဖြစ်သည်။
Win
Rock International မှ နိုင်ငံတကာပညာရှင်များအနေနဲ့ အခုလို အစီအစဉ်များ ပို့ချရတာ ဟာ
မြန် မာနိုင်ငံရဲ့ ငါးမွေးကန်သမားများအတွက် ကုန်ကျစရိတ်သက်သာပြီး အရည်အသွေးပြည့်မီတဲ့
ငါးများမွေးမြူ ထုတ်လုပ်နိုင်ရေး၊ ငါးကန်ရေအရည်အသွေး စီမံခန့်ခွဲခြင်းနည်းပညာများ ပိုမို
သိရှိနိုင်ရေး တို့ အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပညာလိုအပ်ချက်ရှိတဲ့လုပ်ငန်းနယ်ပယ်များအလိုက်
Volunteer Experts များ စေလွှတ်ကာ နည်းပညာများ
ပို့ချခြင်း၊ သင်တန်းပေးခြင်းတို့ကိုလည်း စီမံကိန်းကာလအတွင်း ဆက်လက်ဆောင် ရွက်ပေးသွားမှာ
ဖြစ်ကြောင်း သိရသည်။
MRTV-4
No comments:
Post a Comment