Friday, June 20, 2014

၂ဝ၁၅ ခုနှစ် ဧပြီ ၁ ရက်မှစ၍ အမှိုက် သိမ်းဆည်းခြင်းနှင့် သိမ်းဆည်း အမှိုက်များ သယ်ယူပို့ဆောင် စွန့်ပစ်ခြင်း လုပ်ငန်းများကို ပုဂ္ဂလိကသို့ ၁ဝ နှစ် လွှဲပြောင်း ဆောင်ရွက် စေမည် 

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဆောင်ရွက်လျက် ရှိသည့် အမှိုက် သိမ်းဆည်းခြင်းနှင့် သိမ်းဆည်း အမှိုက်များ သယ်ယူပို့ဆောင် စွန့်ပစ်ခြင်း လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းအဖြစ်၂ဝ၁၅ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ၁ဝ နှစ်အထိ လွှဲပြောင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ ၃၃ မြို့နယ်အတွင်း ခရိုင် ၄ ခရိုင်ခွဲ၍ အမှိုက်စီမံခန့်ခွဲမှု လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ယင်းသို့ ဆောင် ရွက်ရာတွင် အမှိုက် သိမ်းဆည်းခြင်း လုပ်ငန်း၊ သိမ်းဆည်းပြီး အမှိုက် သယ်ယူပို့ဆောင်သည့် လုပ်ငန်း၊ သယ်ယူပို့ဆောင်သော အမှိုက်များကို နောက်ဆုံး စွန့်ပစ် အမှိုက်ပုံတွင် စွန့်ပစ်ခြင်း လုပ်ငန်းများ ဆောင် ရွက်နေခြင်းဖြစ်ပြီး ယခုအခါ အမှိုက် သိမ်းဆည်းခြင်းနှင့် သိမ်းဆည်းပြီး အမှိုက်သယ်ယူ ပို့ဆောင်ခြင်း လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းအဖြစ် လွှဲပြောင်း ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

တင်ပြလာသည့် ပုဂ္ဂလိက လုပ်ငန်းကို ၂ဝ၁၄ ခုနှစ် မေလ ပထမပတ်တွင် ဖိတ်ခေါ်၍ အပြီးသတ် အဆိုပြုလွှာ တင်ပြနိုင်ရေးအတွက် အသေးစိတ် အချက်အလက်များကို ရှင်းလင်းပြောကြား ခြင်းနှင့် လိုအပ် သည့် အချက်အလက်များ ပေးခြင်းကို ဆောင်ရွက်သွားမည် ဖြစ်သည်။ တင်ဒါ တင်သွင်းသည့် ကုမ္ပဏီများ အနေဖြင့် ၂ဝ၁၄ ခုနှစ် မေလ ဒုတိယပတ်မှစ၍ စက်တင်ဘာလ ကုန်အထိ (Feasibility Study) အဖြစ် ဆောင်ရွက်ရမည် ဖြစ်ပြီး အောက်တိုဘာ ၃ ရက် နောက်ဆုံး ထား၍ အပြီးသတ် အဆိုပြုလွှာ တင်သွင်း ရမည် ဖြစ်သည်။
အဆိုပါ လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လိုသော ပြည်တွင်း၊ ပြည်ပကုမ္ပဏီများ အနေဖြင့် ဧပြီ ၃ဝ ရက် နောက်ဆုံးထား၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန ကျောက်တံတား မြို့နယ်သို့ တင်ဒါ တင်သွင်း ရမည် ဖြစ်ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top