ဟိုင်းလတ်ယာဉ်များ ပြေးဆွဲခဲ့သည့် လမ်းကြောင်းများမှာ ထပ်မံ အစားထိုး ပြေးဆွဲပေးမည့် မီနီဘတ်(စ်) ယာဉ်(၄၇)စီး
ဟိုင်းလတ်ယာဉ်များ
ပြေးဆွဲခဲ့တဲ့လမ်းကြောင်းများမှာ မီနီဘတ်(စ်)ယာဉ် (၄၇)စီးကို ထပ်မံအစား ထိုးပြေး ဆွဲရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို
တင်ပြထားကြောင်း ဇွန်လ(၁၈)ရက်နေ့ က ပြုလုပ် သည့် မထသ(ဗဟို)အစည်းအဝေးမှ သိရှိရသည်။
အခုလို
အစားထိုးပြေးဆွဲမယ့် မီနီဘတ်စ်ယာဉ် (၄၇) စီးကိုတော့ အရင်က ဟိုင်းလတ်ယာဉ်များ ပေးဆွဲ ခဲ့သည့်
ခရီးစဉ်လမ်းကြောင်းအတိုင်းတချို့ ပြေးဆွဲသွားမှာဖြစ်ပြီး တချို့ကတော့ လမ်းကြောင်းသစ်ပြေးဆွဲဖို့
စီစဉ်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၁)ရက်နေ့အထိ မီနီဘတ်စ်ပြေးဆွဲခွင့် အစီးရေ ဟာ(၁၁၉)စီးရှိခဲ့ပြီး
နောက်ထပ်ခွင့်ပြုခဲ့တာကတော့ မေလ(၂၇) ရက်နေ့ က မီနီဘတ်စ်အစီးရေ (၈၀)ကို ထပ်မံပြေးဆွဲခွင့်ပြု
ခဲ့ ကြောင်း သိရသည်။
ဒီလို
ဟိုင်းလတ်ယာဉ်များ ရပ်နားသွားသည့် လမ်းကြောင်းမှာ အစားထိုးပြေးဆွဲပေးနေတဲ့ မီနီဘတ်စ်
အများ စု ဟာ ယာဉ်ငယ်(၃)၊ (၁၃၁)အစရှိတဲ့ ယာဉ်လိုင်းတွေနဲ့ သခင်မြပန်းခြံမှ မှော်ဘီအပြင်
ရွှေပြည်သာ ဘက် ကိုလည်း အများစု ပြေးဆွဲပေးကြောင်း သိရသည်. ဒါကြောင့် ဟိုင်းလတ်ယာဉ်အစားထိုး
ထပ်မံတိုး ချဲ့ပြေးဆွဲမယ့် မီနီဘတ်စ် (၄၇)စီးကို ထပ်မံပြေးဆွဲပေးမယ်ဆိုရင် လုပ်ငန်းလိုအပ်ချက် အရကော
ပြည်သူ လူထုရဲ့ အခက်အခဲအရပါ ပိုမိုအဆင်ပြေသွားမှာဖြစ်ကြောင်း သိရသည်။
MRTV-4
No comments:
Post a Comment