မောင်းသူမဲ့လေယာဉ်သာ ရွေးချယ်စရာဖြစ်လာ ပြီလို့ ပြောကြားထားတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး “ဂျွန်ကယ်ရီ” ဟာ အီရတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့
အခြေအနေ အရ မောင်း သူမဲ့လေယာဉ်ကိုပဲ ရွေးချယ်ရတာဖြစ်တယ်လို့ ပြောကြားထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက
အစ္စလာမစ် စစ်သွေးကြွတွေဟာ မြို့တော်ဘဂ္ဂဒက်ကို ဦးတည် လာပြီဖြစ်တာကြောင့်
မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ဖို့သာ ရွေးချယ်စရာဖြစ်လာပြီလို့
အင်တာနက် မီဒီယာကို တနင်္လာနေ့တုန်းက ပြောကြားထားပါတယ်။
အကြမ်းဖက်သမားတွေဟာ
အီရတ်ဒုတိယမြို့တော် မိုဆူး ကို ပြီးခဲ့တဲ့တစ်ပတ်တုန်းက သိမ်းပိုက်ခဲ့ တာဖြစ်ပါတယ်။
ကယ်ရီက အမေရိကန်နိုင်ငံရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ စစ်သွေးကြွတွေ
ရှေ့မတိုး လာအောင် ဟန့်တားနိုင်ဖို့ အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်နေတယ်လို့
ပြောကြားထားပြီး သူနဲ့ အီရတ်ဝန်ကြီးချုပ “နျူရီအယ်လ်မာလီကီ” တို့ဟာ အီရတ်နိုင်ငံတွင်း က နေရာတွေအကုန်လုံးကို လုံခြုံရေးရရှိအောင် လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ပြောကြားထားပြီး သူနဲ့ အီရတ်ဝန်ကြီးချုပ “နျူရီအယ်လ်မာလီကီ” တို့ဟာ အီရတ်နိုင်ငံတွင်း က နေရာတွေအကုန်လုံးကို လုံခြုံရေးရရှိအောင် လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အီရတ်အစိုးရဟာ
ကွဲပြားနေတဲ့ အီရတ် နိုင်ငံသားတွေကို စည်းလုံးမှုရှိလာအောင်
တိုးမြှင့်လုပ်ဆောင် ဖို့ကိုလည်း ကယ်ရီက တိုက်တွန်းထားပါတယ်။ ကယ်ရီက
အမေရိကန်နိုင်ငံဟာ အီရတ်အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ အမြဲလမ်းဖွင့်ထား တယ်လို့
ပြောကြား ထားပါတယ်။
No comments:
Post a Comment