အပစ်အခတ်ရပ်စဲရေး ရုရှားနှင့်ယူကရိန်းဆွေးနွေး
ရုရှားသမ္မတ
ပူတင်နှင့် ယူကရိန်းသမ္မတ ပိုရိုရှန်ကိုတို့သည် ယူကရိန်းနိုင်ငံအရှေ့ပိုင်း ပြည်နယ်များနှင့်
အဆိုပါ ပြည်နယ်များနှင့် ဆက်စပ်နေသော ဒေသများတွင် ဖြစ်ပေါ်နေသော စစ်ပွဲများ ရပ်တန့်နိုင် ရန်
ဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ယနေ့ဖော်ပြသည်။
ပူတင်နှင့်
ပိုရိုရှန်ကိုတို့သည် ယမန်နေ့က တယ်လီဖုန်းဖြင့် ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး
အပစ်အခတ် ရပ်စဲရေးစာချုပ် အမြန်ဆုံးချုပ်ဆိုနိုင်ရေးကို ဦးစားပေးဆွေးနွေးခဲ့သည်ဟု သိရသည်။
ပိုရိုရှန်ကို၏ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုရန်အတွက်
ရုရှားနိုင်ငံဘက်ကလည်း ၎င်းတို့ ကို ထောက်ခံသည့် ယူကရိန်းခွဲထွက်ရေးအဖွဲ့များကို တိုက်တွန်းမည်ဟု
အာမခံခဲ့ကြောင်း ပြော သည်။
No comments:
Post a Comment