Friday, June 20, 2014

နိုင်ငံတကာ အလှမယ်များနှင့်အတူ ကချင်တွင် ကျောင်းဆောက်မယ့် ဂုဏ်ရည်အေးကျော်

လာမည့် သြဂုတ်လမှာ နိုင်ငံတကာက လာရောက်မည့် Miss International  များနဲ့အတူ ကချင်ပြည်နယ်တွင် ကျောင်း သွားဆောက် ပေးမည်ဖြစ်ကြောင်း Miss International 2013  ဂုဏ်ရည်အေးကျော် က ပြောသည်။
”အဓိကက သြဂုတ်လ ပြိုင်ပွဲပြီးတာနဲ့ ဟိုဘက်က အလှမယ်တွေ လာတာနဲ့ သွားကြမှာပါ။ ငွေတွေက လက်ထဲမှာ ရောက်နေပြီ” ဟု ဂုဏ်ရည်အေးကျော်က ပြောသည်။ ဂုဏ်ရည်အေးကျော် သည် ပြည်တွင်းစစ် ခံစားနေရသည့် ကချင်ပြည်နယ်ကို စာနာမှုဖြင့် ပြိုင်ပွဲ ဝင်စဉ်မှာ ကချင် ဝတ်စုံကို အမြတ်တနိုး ဝတ်ဆင်ခဲ့ပြီး နိုင်ငံတကာက စိတ်ဝင်စားခြင်း ခံခဲ့ရသည်။
”ကချင် ဝတ်စုံက စိတ်ဝင်စားကြတော့ ဝမ်းသာခဲ့တယ်။ ဂုဏ်ရည် အဖြစ်ချင်ဆုံး ဆန္ဒက ကချင် စစ်ဘေး အမြန်ပြီးပြီး အေးချမ်းသာယာ စေချင်ပြီ”ဟု ၄င်းက ဆက် လက်ပြော သည်။
ဂုဏ်ရည်အေးကျော်က ကိုယ်တိုင် ကချင်စစ်ဘေး ဒေသကို တစ် ခေါက်မှ မရောက်ဖူး သေးသော်လည်း ကချင်ဒေသ၊ ရှမ်းမြောက်ဒေသ စစ်ဖြစ်တဲ့ နေရာတွေ မှာ ဒုက္ခရောက်နေတဲ့ ကလေး၊ အမျိုးသမီးတွေ၊ တိုင်းရင်းသားတွေ အတွက် စိတ်မကောင်း ဖြစ်နေမိသည်ဟု ၄င်းက ဆက်ပြောသည်။ ”ဒီက ကလေးတွေ က ဒီ တိုင်းရင်းသား လူမျိုးတွေ ရဲ့ အနာဂတ်ပါ။ ပညာရေး မနိမ့်စေချင်ဘူး။ သူများနိုင်တာ ကို မခံစေချင်ဘူး။ ဒါကြောင့် ကျောင်းဆောက် ကိုဆောက်ပေး မှာပါ” ဟုဂုဏ်ရည်အေးကျော် က ဆိုသည်။


No comments:

Post a Comment

back to top