တောင်သာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း ၂၀၁၄-၂၀၁၅ ဖွံ့ဖြိုးရေး ရန်ပုံငွေ အသုံးပြုမည့် လုပ်ငန်းများဆွေးနွေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအတိုင်ပင်ခံ တောင်သာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း (ဘဏ် များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ) သည် ဇွန်လ ၁၉ ရက်က တောင်သာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည် ဖော်ရေး အထောက် အကူပြု အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ၂၀၁၄- ၂၀၁၅ ခုနှစ် ဖွံ့ဖြိုးရေးကျပ်သိန်း ၁၀၀၀ ကို အသုံးချမည့် လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးခြင်း ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက် ခဲ့သည်။
အစည်းအဝေးတွင် တောင်သာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦအောင်သောင်း (ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ) က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူ ပြုကော်မတီ၊ စည်ပင်သာယာရေးကော်မတီနှင့် စီမံခန့်ခွဲရေးကော်မတီတို့က ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်း ၁၃၇ ခုကို တင်ပြအပြီး မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီအတွင်းရေးမှူး ဦးအောင်ကျော်ညွန့် (မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး) က လုပ်ငန်းတစ်ခု ချင်းစီ၏ အသေးစိတ် အချက် အလက်များကို တင်ပြဆွေးနွေးခဲ့ပြီးနောက် လုပ်ငန်း ၁၃၇ ခုကို အကောင်အထည်ဖော်နိုင်ရေးနှင့် လိုအပ်သည်များကို မြို့နယ် စည်ပင်သာယာရေးကော်မတီမှ အင်ဂျင်နီယာများက စိစစ်သုံးသပ် တင်ပြခဲ့သည်။
ယခု ၂၀၁၄-၂၀၁၅ ခုနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေမှ ချထားပေးသည့် ငွေကျပ်သိန်း ၁၀၀၀ ကို သောက်သုံးရေရရှိရေးနှင့် ဒေသတွင် လမ်းတံတားများ တည်ဆောက် အကောင် အထည်ဖော် ပြုပြင်ရေးများကို အဓိကထား ဆောင်ရွက်ရမည်ဖြစ်ပြီး ယခင် ၂၀၁၃-၂၀၁၄ ခုနှစ်က ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။
No comments:
Post a Comment