Friday, June 20, 2014

ရေဗားဝါ့ခ်တစ်လျှောက် ဆန်အန်တိုနီယိုစပါးအသင်း NBAချန်ပီယံဆုနဲ့ အောင်ပွဲခံ






NBAဘတ်စကက်ဘော ချန်ပီယံဆုရသွားတဲ့ ဆန်အန်တိုနီယိုစပါး အသင်းဟာ အမေရိကန် ပြည်ထောင်စု တက်ဆပ်ပြည်နယ် ဆန်အန်တိုနီယိုမြို့မှာ အောင်ပွဲခံကြပါတယ်။

သူတို့အောင်ပွဲခံတာက ဆန်အန်တိုနီယိုမြစ်ကမ်းပါးက ရေးဗားဝါ့ခ်(riverwalk)တစ်လျှောက်မှာ သင်္ဘောနဲ့ လှည့်လည် အောင်ပွဲခံတာ ဖြစ်ပါတယ်။ ရေးဗားဝါ့ခ်က မြစ်ကမ်းတစ်လျှောက်မှာ ဆက်သွယ် ဖောက်လုပ်ထားတဲ့ လူသွားလမ်းပါ။ ထောင်သောင်းချီတဲ့ မြို့လူထုကလည်း မြစ်ကမ်း တစ်လျှောက်ကနေ ဆန်အန်တိုနီယို မြို့လယ်ခေါင်အထိ စီတန်းပြီး အားပေးခဲ့ကြပါတယ်။ ဒီနှစ်NBA ဗိုလ်လုပွဲမှာ ဆန်အန်တိုနီယိုစပါး အသင်းက (၂)နှစ်ဆက်ချန်ပီယံ မီယာမီဟိကို (၄)ပွဲ(၁)ပွဲနဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်လာတာ ဖြစ်ပါတယ်။ စပါးအသင်းရဲ့ ကစားသမား တိုနီပါကားက "ကျွန်တော်ကတော့ ကံကောင်းလို့ ချန်ပီယံဆုရတယ်လို့ ထင်ပါတယ်။ တစ်ခါတစ်ခါမှာ စကားလုံး ပြောလို့မရတဲ့ ခံစားမှုတွေ ရှိပါတယ်။ အခုလည်း အဲဒီလိုပါပဲ။ ဒီအသင်းကို ရောက်တာကိုက ကျွန်တော် ကံကောင်းတာပါ"လို့ ပြောပါတယ်။ အကောင်းဆုံးဆုရခဲ့တဲ့ ကောဟီလီယိုနာ့ဒ်ကလည်း "ကျွန်တော်လိုချင်နေတာ ဒီချန်ပီယံဆုပါ။ ကျွန်တော့်အတွက်တော့ ကြီးကျယ်တဲ့ အတွေ့အကြုံပါပဲ"လို့ ပြောပါတယ်။

No comments:

Post a Comment

back to top