မြန်မာနိုင်ငံတွင် လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းရန် အဲအေးရှား စီစဉ်
အဲအေးရှား
လေကြောင်းလိုင်းသည် မြန်မာနိုင်ငံတွင် လေကြောင်း ခရီးစဉ်များ တိုးချဲ့ပျံသန်းရန် စီစဉ်နေ သည်ဟု
သိရသည်။ အာရှဒေသ၏ စရိတ်သက်သာသော လေကြောင်းလိုင်းတစ်ခုအဖြစ် သတ်မှတ်ခံ ရသော အဲအေးရှားသည် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံကြားတွင် ပုံမှန်ပျံသန်းမည့် လေကြောင်း ခရီးစဉ် များကို
တာဝန်ယူ ပျံသန်း ခွင့်ရရှိရန် ကြိုးစားနေသည့်အပြင် မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများကြားတွင်
အပြန် အလှန် ပျံသန်းမှု ပြုလုပ်မည့် ခရီးစဉ်များ တိုးချဲ့ရန်လည်း စီစဉ်နေသည်ဟု အဲအေးရှားလေကြောင်း လိုင်းမှ
ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။ ဖိလစ်ပိုင်နိုင်ငံနှင့် မြန် မာနိုင်ငံ တို့သည်
နှစ်နိုင်ငံကြားတွင် ရက်သတ္တပတ်လျှင် အနည်းဆုံး ခရီးသည် ၁၂၆၀ ပို့ဆောင် မှု ပြု လုပ်နိုင်မည့်
လေကြောင်းခရီးစဉ်များကို ရန်ကုန်-မနီလာ နှင့် နေပြည်တော်- မနီလာ မြို့များကြားတွင် အပြန်အလှန် ပျံသန်းရန် သဘောတူညီမှု
ရယူခဲ့ပြီးဖြစ်သည်။ အဲအေးရှားလေကြောင်းလိုင်း၏ အမှုဆောင် အရာရှိချုပ် မာရီယာနီက မြန်မာနိုင်ငံ၏
ပွင့်လင်းလာသော အခြေအနေများအပေါ် အခြေပြု၍ ပေါ် ထွက်လာ သည့် လေကြောင်းဆိုင်ရာ အခွင့်အလမ်းများကို
အမိအရ အသုံးချနိုင်ရန် ပြင်ဆင်ထား သည်ဟု ပြော သည်။ ဖိလစ်ပိုင်နိုင်ငံ၏ အကြီးဆုံး လေကြောင်းလိုင်းတစ်ခုဖြစ်သော
ဆီဘူးလေကြောင်း လိုင်းနှင့် တိုက်ဂါး လေကြောင်းလိုင်းတို့သည် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံကြားတွင်
ပုံမှန်ပျံသန်းမည့် ခရီးစဉ် များကို တာဝန်ယူပျံ သန်းရန် စီစဉ်လျက်ရှိသည်။ အဲအေးရှားလေကြောင်းလိုင်းသည်
နှစ်နိုင်ငံ တာဝန်ရှိသူများနှင့် ညှိနှိုင်းမှုပြုလုပ် လျက်ရှိပြီး ဖိလစ်ပိုင်နိုင်ငံနှင့်
မြန်မာနိုင်ငံကြားတွင် ပုံမှန်ပျံသန်းမည့် ခရီးစဉ်များ ပျံသန်းခွင့်ရရန် သေချာသလောက်ရှိမည်ဟု
ဇွန်လ ၂၄ ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာတွင် ဖော်ပြထားပါသည်။
No comments:
Post a Comment