ရတနာပုံတယ်လီပို့နှင့် ဥရောပ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုခု ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်
ရတနာပုံတယ်လီပို့
ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းအတွက် ဥရောပ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုခုနှင့်
ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ လီလီယံ ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ကြောင်း သိရသည်။
ရတနာပုံတယ်လီပို့
အနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏကို အမေရိ ကန်ဒေါ်လာ
၁ ဒသမ ၅ ဘီလီယံမှန်းထားပြီး ပါတနာနှင့် ဆွေးနွေးပြီးမှသာ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနကို
မိုဘိုင်းလ် အော်ပရေတာအဖြစ် လိုင်စင်လျှောက်ထားမည်ဖြစ်သည်။
ရတနာပုံတယ်လီပို့
ကုမ္ပဏီသည် ၂၀၀၉ ခုနှစ် သြဂုတ် ၁၉ ရက်တွင် အများနှင့် မသက်ဆိုင်သည့် အထူး ကုမ္ပဏီ တစ်ရပ်အနေဖြင့်
ဖွဲ့စည်းကာ နိုင်ငံတော်မှ ၅၁ ရာခိုင်နှုန်းနှင့် ကျန် ၄၉ ရာခိုင်နှုန်းကို ပုဂ္ဂလိက ကုမ္ပဏီများက
ရှယ်ယာပါဝင်ခဲ့ပြီး ရတနာပုံတယ်လီပို့ ကုမ္ပဏီကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင်
ရတနာပုံတယ်လီပို့ အနေဖြင့် အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းထားပြီး အစုရှယ်ယာတစ်ခု
ကျပ် ၁၀၀၀၀ နှုန်းဖြင့် အများပြည်သူ ရှယ်ယာထည့်ဝင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ
၂၄ ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာတွင် ဖော်ပြထားပါသည်။
No comments:
Post a Comment