Tuesday, June 24, 2014

Big Band အဖွဲ့နဲ့ ဓာတ်ပုံ တွဲရိုက်ခွင့်ရခဲ့တဲ့ ထားထက်ထက်

 တောင်ကိုရီးယားနိုင်ငံ သို့ လေ့လာရေးခရီးသွားရောက် ရင်း K Pop Star များဖြစ်သော PSY, Big Band, 2Ne1 အဖွဲ့သုံး ဖွဲ့ပါဝင်သော    ရှိုးပွဲကြည့်ခဲ့ ကြောင်း    အလှမယ်ထားထက် ထက်က ပြောသည်။ အမျိုးသားအဆိုတော် ငါးဦး ဖြင့် ဖွဲ့စည်းထားသည့် နာမည် ကျော် Big Band အဖွဲ့နှင့်အတူ ဓာတ်ပုံတွဲရိုက်ခဲ့ကြောင်း ထား ထက်ထက်က ပြောသည်။
‘‘ရှိုးပွဲရောက်တော့  ထား ထက်တို့   ဓာတ်ပုံရိုက်ရတယ်။ လာတဲ့သူတွေထဲကမှ ရွေးပြီး တော့ သူတို့တစ်ဖွဲ့စီက တစ် ယောက်စီ ကို ရွေးတယ်။ ရွေးခံရ တဲ့ထဲက တစ်ယောက်ကို ဓာတ်ပုံအခမဲ့ ထုတ်ပေးတာမျိုး၊ Big Bandအဖွဲ့က ထားထက်ဓာတ်ပုံကို ရွေးတယ်။ K Pop ထဲမှာ အရမ်းနှစ်သက်ရ တဲ့အဆိုတော်မျိုးမရှိပေ မယ့် အကုန်လုံးကို ကြိုက်ပါတယ်’’ဟု   ထားထက်ထက်က   ပြော သည်။ကိုရီးယားလေကြောင်း လိုင်း၏ စီစဉ်မှုဖြင့် တောင်ကိုရီး ယားနိုင်ငံ၏ အထင်ကရ မြို့များဖြစ်သော ဆိုးလ်၊ ဘူဆန်၊ ဂျယ်ဂျူကျွန်းစသည့် နိုင်ငံများသို့  တစ် ပတ်ကြာလည်ပတ်ခဲ့ပြီး ဇွန်တတိ ယပတ်က  ပြန်လာခဲ့ကြောင်း သိရသည်။ ထို့အပြင် တောင်ကိုရီးယား ဘူဆန်မြို့တွင် Mom's Choice ခေါက်ဆွဲကြော်ငြာရိုက်ကူးခဲ့ပြီး ယင်းကြော်ငြာအတွက် လက်ကျန်ရိုက်ကူးရေးကို  ရန်ကုန်မြို့တွင် ဆက်လက်ရိုက်ကူးသွားမည်ဖြစ် ပြီး   နောက်ထပ်ကြော်ငြာများ ရိုက်ကူးရန်  လက်ခံထားကြောင်း သိရသည်။

 

No comments:

Post a Comment

back to top