Tuesday, June 24, 2014

ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ် (၃) တက်ရောက် ရန် လျှောက်လွှာများ ခေါ်ယူ 

စစ်ကိုင်းတိုင်း ဒေသကြီး ရွာသစ်ကြီးရှိ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး တက္ကသိုလ်တွင်
၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် အတွင်း ဖွင့်လှစ်မည့် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ် (၃) သို့ တက်ရောက်ရန် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီသူများ ကို လျှောက်လွှာများနှင့် အတူ သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးများတွင် ယမန်နေ့မှ ဇူလိုင် ၁ ရက် အတွင်း လာရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။
ထိုသို့ လျှောက်ထားရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ ရဲစခန်း ထောက်ခံချက်၊ မိဘ အုပ်ထိန်းသူများ၏ သဘောတူညီကြောင်း ထောက်ခံချက်များနှင့် အတူ သိပ္ပံ ဘွဲ့ အတွက် တက္ကသိုလ်ဝင် စာမေးပွဲ ရမှတ် ၃၈ဝ အထက်၊ ဝိဇ္ဇာဘွဲ့ အတွက် ရမှတ် ၃၂ဝ အထက် ရရှိရ မည် ဖြစ်ပြီး နိုဝင်ဘာ ၁ ရက်တွင် အသက် ၁၆ နှစ်ထက် မငယ်၊ ၁၉ နှစ်ထက် မကြီးသူ အပျို/ လူပျို ဖြစ်ရမည် ဖြစ်ကြောင်းနှင့် ပဏာမ ရွေးချယ်ခံရသူ များသည် စစ်ကိုင်းမြို့ ရွာသစ်ကြီးရှိ တိုင်းရင်းသား လူမျိုး များ ဖွံ့ဖြိုးရေး တက္ကသိုလ်သို့ ဇူလိုင် ၁ ရက် နောက်ဆုံးထား၍ သတင်း ပို့ရမည် ဖြစ်ကြောင်း သိရ သည်။

 

No comments:

Post a Comment

back to top