Tuesday, June 24, 2014



MH370 ကိုနယ်မြေအသစ်ချမှတ်ပြီး ရှာဖွေတော့မည့်သြစတြေးလျ

သြစတြေးလျအာဏာပိုင်တွေဟာ မလေးရှားပျောက်ဆုံးလေယာဉ် MH370 ကိုရှာဖွေဖို့အတွက် နယ်မြေအသစ်ချမှတ်ပြီး ရှာဖွေသွားတော့မှာဖြစ်တယ်လို့သိရပါတယ်။ ဂြိုလ်တုအချက် အလက်တွေ ကိုအခြေခံပြီး တောင်ဘက်ပိုင်းကို ကီလိုမီတာရာပေါင်းများစွာချဲ့ကာစက်ဝိုင်းခုံးသဏ္ဍာန်ရှာဖွေရေး နယ်မြေအသစ်မှာ ပျောက်ဆုံးလေယာဉ်ကို ဆက်လက်ရှာဖွေသွားမှာဖြစ်တယ်လို့ သြစတြေးလျ သယ်ယူပို့ဆောင်မှုဘေးကင်းရေးဆိုင်ရာ သြစတြေးလျဗြူရိုက တနင်္ဂနွေနေ့မှာ ပြောကြားထားပါတယ်။


လေယာဉ်ဟာလမ်းကြောင်းကနေ  သွေဖယ်ပြီး ဘာကြောင့်ပျောက်ဆုံးသွားခဲ့တယ် ဆိုတာကို နောက် ဆုံးကောက်ချက်မချသေးနိုင်တာကြောင့် MH370 လေယာဉ်မှူး ဟာ လေယာဉ်ပျောက်ဆုံးနေမှုမှာ ဦးစားပေး စဉ်းစားတဲ့တရားခံဖြစ်တယ်ဆိုတဲ့ လန်ဒန်သတင်းစာတစ်စောင်ရဲ့ ရေးသားမှုကိုတော့ မလေးရှားရဲတွေက ငြင်းဆိုထားပါတယ်။

မလေးရှားလေယာဉ် MH370 ဟာ ခရီးသည်(၂၃၉)ယောက်ကိုတင်ဆောင်ပြီး ကွာလာလမ်ပူလေဆိပ် ကနေ ဘေဂျင်းလေဆိပ်ကိုပျံသန်းစဉ် ပြီးခဲ့တဲ့မတ်လ(၈)ရက်နေ့တုန်းက ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ MH370 ပျောက်ဆုံးမှုဟာ(၃)လကျော် ရှိသွားပြီဖြစ်ပေမယ့် ရှာဖွေသူတွေဟာ ပျောက်ဆုံးလေယာဉ်နဲ့ အစနကိုတောင် ခြေရာခံနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။


 

No comments:

Post a Comment

back to top