Tuesday, June 24, 2014

Mamonde အလှကုန် ဝယ်ယူသူ ပရိသတ်များကို အမှတ်တရ လက်မှတ်များ ပတ်ရှင်ဟေး ထိုးပေးခဲ့ 

Mamonde အလှကုန်ပစ္စည်းမှ ကိုယ်စားလှယ် တောင်ကိုရီးယား မင်းသမီးချော ပတ်ရှင် ဟေး သည် Mamonde အလှကုန်ပစ္စည်း အရောင်း မြှင့်တင် သည့် အနေဖြင့် ပရိသတ်များကို အမှတ်တရ လက်မှတ် ရေးထိုး ပေးခဲ့ကြောင်း သိရသည်။

ြောသညိန အလှကုန် ပစ္စည်း ကုမ္ပဏီက ၄င်းတို့၏ ပစ္စည်းကို ဝယ်ယူ အားပေးသော ပရိသတ် များအား ကျေးဇူး တုံ့ပြန်သည့် အနေဖြင့် ပရိသတ်နှင့် တွေ့ဆုံ ပွဲ အခမ်းအနားကို ဆိုးလ်မြို့ မြောင်ဒုံ အရပ်ရှိ ဈေးဝယ်စင်တာ တစ်ခု၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။
သို့သော် အဆိုပါ တွေ့ဆုံပွဲ နှင့်ပတ်သက်၍ ကြိုတင် ကြေညာ မထားသောကြောင့် ဝယ်သူ အားပေး သူများအတွက် စိတ်လှုပ်ရှားစရာ အခမ်း အနား ဖြစ်ခဲ့သည်။ ၄င်းအခမ်းအနားတွင် အလှကုန်ပစ္စည်း ဝယ်ယူ အားပေးသူ ကံထူးရှင် ၁ဝဝ ဦးသာလျှင် မင်းသမီး ပတ်ရှင်ဟေး၏ အမှတ်တရ လက်မှတ်ကို ရရှိခဲ့သည်ဟု သိရသည်။

 

No comments:

Post a Comment

back to top