Tuesday, June 24, 2014

ထရားဗဲလား ဂေါက်သီးရိုက် ပြိုင်ပွဲမှာ စထရီးမန်း အနိုင်ရ ဗိုလ်စွဲ






ဆုကြေးစုစုပေါင်း ဒေါ်လာ(၆ဒသမ၂)သန်း ချီးမြှင့်တဲ့ ထရားဗဲလား ချန်ပီယံရှစ် ဂေါက်သီးရိုက်ပြိုင်ပွဲဟာ တနင်္ဂနွေနေ့က အမေရိကန် ပြည်ထောင်စု ခရွန်းဝဲလ်မြို့မှာ ကျင်းပပြီးစီးသွားပါတယ်။

ယူအက်စ်ပီဂျီအေတိုး ပြိုင်ပွဲဖြစ်တဲ့ အဲဒီပြိုင်ပွဲမှာ အမေရိကန် ဂေါက်သီးသမား ကီဗင်စထရီးဝဲလ်က (၆၉၊၆၈၊၆၄၊၆၄)ချက်နဲ့ လေးရက်ပေါင်း (၂၆၅)ချက်ရိုက်ပြီး ချန်ပီယံဆု ရသွားပါတယ်။ ဒီပြိုင်ပွဲက သတ်မှတ်ရိုက်ချက်(၇၀) သတ်မှတ်ထားလို့ စထရီးမန်းဟာ စုစုပေါင်း (၁၅)ချက်လျော့နဲ့ ဗိုလ်စွဲပြီး ချန်ပီယံဆုကြေး ဒေါ်လာ(၁ဒသမ၁၁၆)သန်း ရသွားပါတယ်။ အသက်(၃၅)နှစ်ရှိ စထရီးမန်းဟာ အရင်က ပီဂျီအေတိုး ချန်ပီယံဆုကို တစ်ကြိမ်သာရဖူးပြီး မနှစ်ကတမ်ပါဘေးပြိုင်ပွဲမှာ ရရှိတာ ဖြစ်ပါတယ်။ စပိန်ဂေါက်သီးသမား ဆာဂျီိယိုဂါစီယာနဲ့ တောင်ကိုရီးယား ဂေါက်သီးသမား ကေဂျေချွိုင်တို့က (၂၆၆)ချက်စီနဲ့ (၁၄)ချက်လျော့စီရိုက်ပြီး ဒုတိယဆုကို ပူးတွဲရပါတယ်။ သြစတြေးလျ ဂေါက်သီးသမား အာရွန်ဘက်ဒလေကတော့ (၂၆၇)ချက်နဲ့ စတုတ္ထ ရပါတယ်။

No comments:

Post a Comment

back to top