ဂျက်စတင်ဘီဘာနှင့်
ခရစ်ဘရောင်းတို့သည် သီချင်းသစ်တစ်ပုဒ် တွဲဖက်သီဆိုလျက်ရှိပြီး အဆိုပါ သီချင်းသစ်ကို
လာမည့်သြဂုတ်လအတွင်း၌ ဖြန့်ချီရန် စီစဉ်ထားကြောင်း နယူးယောက်တိုင်း သတင်းစာက
ယနေ့ဖော်ပြသည်။
ဂျက်စတင်ဘီဘာနှင့်
ခရစ်ဘရောင်းတို့သည် ၂၀၁၁ ခုနှစ်ကဖြန့်ချီခဲ့သော ခရစ်ဘရောင်း၏ F.A.M.E အယ်လ်ဘမ်အတွင်း၌ Next 2 You
သီချင်းကိုတွဲဖက်သီဆိုခဲ့ဖူးပြီး အဆိုပါသီချင်းသည် ပရိသတ် များကြား၌
အောင်မြင်သောသီချင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ဂျက်စတင်ဘီဘာသည် ယမန်နေ့က
၎င်း၏ ကိုယ်ပိုင်တွစ်တာ စာမျက်နှာမှတစ်ဆင့် ခရစ်ဘရောင်းနှင့် သီချင်းသစ်တစ်ပုဒ်
သွင်းနေကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။ ဂျက်စတင်ဘီဘာက
"ကျွန်တော်တို့နှစ်ယောက်ရဲ့ သစ္စာရှိ ပရိသတ်တွေ ကို ပြန်လည်ပေးဆပ်ချင်လို့
သီချင်းသစ်တစ်ပုဒ်အတူတွဲဆိုဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ပရိသတ်တွေ လက်ထဲကို
အမြန်ဆုံးပို့နိုင်အောင် ကြိုးစားနေပါတယ်။ သြဂုတ်လထဲမှာဖြန့်ချီနိုင်မယ်လို့
ထင်ပါတယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်" ဟုပြောသည်။
No comments:
Post a Comment