"ပရိသတ်တွေလက်ထဲကို
ကိုယ့်သီချင်းတွေရောက်သွားတယ်ဆိုရင် အားဆေးတစ်ခွက်သောက်ရသလိုပဲ" လို့ဆိုတဲ့ သားသား
အဆိုတော်တစ်ယောက်အနေဖြင့်
အခွေထွက်ပြီးနောက် ပရိသတ်ဆီက ပြန်လည်ရရှိသည့်တုံ့ပြန်မှုနှင့် ပတ်သတ်ပြီး အဆိုတော်သားသားက
ယခုကဲ့သို့ ပြောကြားခဲ့သည်။
"
လတ်တလောမှာတော့ ချစ်သူ Valentime သီချင်းကို VCD ရိုက်ဖို့ ကြိုးစားနေပါတယ်။ အတွဲခွေလေးတွေ ကိုလုပ်ဖြစ်နေပါတယ်။
ပထမဦးဆုံးထွက်ခဲ့တဲ့အခွေက အတွဲခွေပါ။ ခုတစ်ကိုယ်တော်အခွေမှာတော့ သီချင်းတွေကို စိတ်ကြိုက်လုပ်ခွင့်ရှိသွားတဲ့သဘောပါ။
အဆိုတော်တစ်ယောက် အခွေထွက်ဖို့က အရှုံးခံရပါတယ်။
ဘာမှလည်းမျှော်လင့်ထားလို့မရပါဘူး။ ပရိသတ်တွေကဘယ်လိုပုံစံမျိုးနဲ့ ဖြစ်ဖြစ် နားထောင်ဖြစ်တယ်ဆိုရင်
အဆိုတော်တစ်ယောက်အတွက် အောင်မြင်မှုရတယ်လို့သတ်မှတ်ရပါတယ်။ ကျွန်တော့်တို့ နိုင်ငံမှာအဆိုတော်တွေတော်တော်များများက
အခွေရောင်းအားနဲ့ ရပ်တည်နေရတာ မဟုတ်ပါဘူး"ဟု ပြောပြခဲ့သည်။ အနုပညာလောကထဲသို့ရောက်ရှိလာသည့်
လေးနှစ်တာကာလအတွင်း ဒုတိယတစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်နေသည့် သားသားက လတ်တလောမှာ ဆုံတွဲအခွေတွေအတွက်
သီချင်းအရေးပိုင်းနှင့် အတီးပိုင်းကို လုပ်ဖြစ်နေကြောင်းပြောကြား ခဲ့သည်။
No comments:
Post a Comment