လုပ်ပွဲကစားသည်ဟူသော စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် ရဲအဖွဲ့ကို ဂါနာဘောလုံးအဖွဲ့ချုပ် တောင်းဆို
လုပ်ပွဲကစားသည်ဟူသော စွပ်စွဲချက်အပေါ် စုံစမ်းစစ်ဆေးရန် ဂါနာဘောလုံးအဖွဲ့ချုပ်က ရဲတပ်ဖွဲ့ကို တောင်းဆိုထားကြောင်း သိရသည်။ The Daily Telegraph ESifh Channel 4တို့တွင် ဂါနာကလပ် အမှုဆောင်နှင့် ဖီဖာအေးဂျင့်တစ်ဦးတို့ နိုင်ငံလက်ရွေးစင် အသင်းအပါအ၀င် ပွဲစဉ်များကို လိုသလို ပြုလုပ်နိုင်ကြောင်း ပြောခဲ့ကြပုံများကို စွပ်စွဲဖော်ပြခဲ့ကြသည်။ သို့ရာတွင် ယင်းပြောဆိုမှုများတွင် ကမ္ဘာ့ဖလားပွဲစဉ်များ ပါဝင်ခဲ့ခြင်းမရှိပေ။ ဂါနာဘောလုံး အဖွဲ့ချုပ်က အဆိုပါ ပုဂ်္ဂိုလ်နှစ်ဦးသည် အဖွဲ့ချုပ်ဥက်္ကဋ္ဌထံ ဂါနာအသင်းပါဝင်သော ခြေစမ်းပွဲများကို ထုတ်လွှင့်ပြသခွင့် ၀ယ်ယူရန်အတွက် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဂါနာဘောလုံးအဖွဲ့ချုပ်၏ ကြေညာချက်တွင် “၎င်းတို့၏ ကမ်းလှမ်းမှုကို စဉ်းစားသုံးသပ်ရန်အတွက် နောက်အခါတွင်မှ တင်ပြရန် မေတ္တာရပ်ခံခဲ့ပြီး ဂါနာဘောလုံးအဖွဲ့ချုပ် ဥပဒေရေးရာ ကော်မတီသို့ ဖတ်ရှုပြီး အကြံဉဏ်ပြုရန် တင်ပြခဲ့သည်။ ဥပဒေရေးရာ ကော်မတီထံမှ အကြောင်းကြားမှုကို စောင့်ဆိုင်းနေချိန်အတွင်း ဂါနာဘောလုံး အဖွဲ့ချုပ်အနေဖြင့် စာချုပ်မချုပ်ဆိုခဲ့ကြောင်းနှင့် အဆိုပါ ပုဂ်္ဂိုလ်နှစ်ဦးသည် ဂါနာဘောလုံးအဖွဲ့ချုပ် သို့မဟုတ် အဖွဲ့ချုပ် အမှုဆောင်များကို လာဘ်ပေးလာဘ်ယူကိစ္စ မပြုလုပ်ခဲ့ကြောင်း ကြေညာလိုပါသည်။ အကယ်၍ ယင်းစွပ်စွဲချက်များသည် မှန်ကန်ကြောင်း တွေ့ရှိရပါက ကျွန်တော်တို့ ပြင်းပြင်းထန်ထန် အရေးယူသွားမှာ ဖြစ်ပါသည်”ဟု ပါရှိခဲ့သည်။
No comments:
Post a Comment