Monday, June 23, 2014

အီရတ်နိုင်ငံသို့ စစ်ဘက်ဆိုင်ရာ အကြံပေး ၃ဝဝ ဦးကို စေလွှတ်မည် ဟု အိုဘားမား ပြောကြား 

အီရတ် နိုင်ငံတွင်းသို့ စစ်ဘက်ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ၃ဝဝ ဦးကို စေလွှတ်သွားရန် အမေရိ ကန် ပြည်ထောင်စု အနေဖြင့် အသင့်ရှိနေကြောင်း ဇွန် ၁၉ ရက်တွင် အမေရိကန် သမ္မတ ဘားရက်အိုဘားမားက ပြောကြားသည်။

အီရတ်နိုင်ငံ အတွင်း၌ တိုက်ခိုက် သိမ်းပိုက်မှုများ လုပ်ဆောင်နေသည့်  ဆွန်နီ အကြမ်းဖက် သမားများကို တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်နိုင်ရန် အတွက် အီရတ် တပ်ဖွဲ့ဝင်များကို လက်နက် တပ်ဆင် လေ့ကျင့်ပေး မည့် စစ်ဘက်ဆိုင်ရာ အမေရိကန် အကြံပေး ပုဂ္ဂိုလ်များကို ယင်းနိုင်ငံ အတွင်းသို့ စေလွှတ်ရန် အသင့်ရှိနေကြောင်း၊ ၎င်းအကြံပေး ပုဂ္ဂိုလ်များသည် အီရတ်နိုင်ငံ၏ အကြမ်းဖက်မှု လေ့ လာ စောင့်ကြည့်ရေးနှင့် စုံစမ်းထောက်လှမ်းရေး အဖွဲ့များ၏ စွမ်းရည်ကိုလည်း မြှင့်တင် ပေးသွား မည် ဖြစ်ကြောင်း အိုဘားမားက ပြောကြားသည်။
အမေရိကန် တပ်ဖွဲ့ဝင်များသည်  လွန်ခဲ့သော သီတင်းပတ် အတွင်းက ဆွန်နီအကြမ်းဖက် သမားများ၏ လက်အတွင်းသို့ ကျရောက်ခဲ့ရသော မိုဆူလ်မြို့ အနီးတစ်ဝိုက်နှင့် ဘဂ္ဂဒက်မြို့ရှိ အချက်အချာ နေရာ များတွင် အီရတ် တပ်ဖွဲ့ဝင်များနှင့် အတူ ပူးတွဲ စစ်ဆင်ရေး များကို လုပ်ဆောင်သွားနိုင်ဖွယ် ရှိကြောင်း အိုဘားမားက  ထပ်လောင်း ပြောကြားသည်။          

 

No comments:

Post a Comment

back to top