Monday, June 23, 2014


ဂရိနှင့်တရုတ် အကျိုးတူပူးပေါင်းမည့် စာချုပ်ချုပ်ဆို

ဂရိနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် အမေရိကန်ဒေါ်လာ ငါးဘီလီယံခန့် တန်ကြေးရှိမည့် အကျိုးတူပူးပေါင်းမှု စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ကြောင်း ရိုတ်တာသတင်းဌာနက ယနေ့ဖော်ပြသည်။

တရုတ်နိုင်ငံနှင့် ဂရိနိုင်ငံတို့သည် ဂရိနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တရုတ်ဝန်ကြီးချုပ် လီခကျန်း၏ ခရီးစဉ်အတွင်း အကျိုးတူပူးပေါင်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ အဆိုပါ စာချုပ်အရ တရုတ်နိုင်ငံသည် ဂရိနိုင်ငံမှ ထုတ်လုပ်သော ကုန်ပစ္စည်းများကို တိုးမြှင့်ဝယ်ယူသွားမည်ဖြစ်ပြီး သင်္ဘော တည်ဆောက်ရေး လုပ်ငန်းများကိုလည်း ဂရိနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုဆိုသည်။ ထို့အပြင် တရုတ်နိုင်ငံသည် ဂရိနိုင်ငံရှိ ဆိပ်ကမ်းနှစ်ခုကို ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်း များ ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် မီးရထားလမ်းသစ်များလည်း ဖောက်လုပ်သွားမည်ဟု သိရသည်။

 

No comments:

Post a Comment

back to top