ပြည်နယ်ပါတီဥက္ကဌ ပြည်နယ်ပါတီလုပ်ငန်းလမ်းညွှန်
၂၀၁၄ ခုနှစ် ဇွန်လ(၂၀)ရက် နံနက်(၁၀)အချိန်က ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ပြည်ခိုင်ဖြိုးပါတီ ညှိနှိုင်းအစည်းအဝေးသို့ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ၊ ဗဟိုကော်မတီဝင်၊ ပြည်နယ်အစိုးရ၀န်ကြီးချုပ် ဦးခင်မောင်ဦး တက်ရောက်၍ လုပ်ငန်း လမ်းညွှန် အမှာစကားပြောကြားသည်။
ပါတီဥက္ကဌမှ '' လွှတ်တော်၊ အစိုးရ၊ ပါတီတို့သည် တစ်ဦးနှင့်တစ်ဦး စည်းလုံးညီ ညွတ်စွာ ဖေးဖေးမမ ရှိမှသာ (၂၀၁၅) ရွေးကောက်ပွဲ အောင်မြင်နိုင်ပါကြောင်း၊ ပါတီအဆင့်ဆင့်မှလည်း ရွေးကောက်ပွဲအောင်မြင်ရေးအတွက် စည်းရုံးရေးကို မနားမနေ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူ့၏အသံကို အမြဲနားစွင့် ကာ ဖြည့်ဆည်းဆောင်ရွက်ပေးရာ တွင်လည်း ပွင့်လင်းမြင်သာမှုရှိရန် အထူး အရေးကြီးပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေနဲ့လည်း မိမိဒေသမှ သယံ ဇာတ များ ပြုန်းတီးမှုမရှိစေရန် ကာကွယ်ရေးလုပ်ငန်းနှင့် ဥပဒေဘောင်အတွင်းမှ ထုတ်လုပ်သုံးစွဲစေရန် ဆောင်ရွက် လျက်ရှိပါကြောင်း၊ အထူးသဖြင့် မိမိတို့၏ ဒေသသည် ငြိမ်းချမ်းရေးအဖွဲ့အစည်းများစွာ ရှိသောကြောင့် သတိထား ဆောင် ရွက်နေရပါကြောင်း၊ လွှတ်တော်မှ ပြဋ္ဌာန်းပေးထားသော ဥပဒေအတိုင်း အစိုးရ မှ အကောင်အထည်ဖော် ဆောင်ရွက်နေရပါကြောင်း၊ အခက်အခဲ များစွာ ရှိသော်လည်း ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း" ဖြင့် ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ပါတီအတွင်းရေးမှူး ဦးကျော်ဆွေနှင့် ကော်မတီဝင်များ တက်ရောက်ပါသည်။
No comments:
Post a Comment