အားမာန်သစ်
Wednesday, June 18, 2014
ယွန်းဝတီလွင်မိုး
ရေးဆွဲတဲ့ ပထမဆုံး ပန်းချီကား
ချစ်စဖွယ် ဟန်ပန်တွေ နဲ့ ပရိသတ်ရဲ့ အားပေးမှုကို ရရှိထားတဲ့ ဆယ်ကျော် သက် အနုပညာရှင်လေး ယွန်းဝတီလွင်မိုး က ငယ်စဉ် ကပင် ပန်းချီဆွဲခြင်းကို ဝါသနာပါခဲ့ သူ လည်း ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုး က ပန်းချီကို ၅ တန်းလောက် က စပြီး စိတ်ဝင်စား ဖြစ်ခဲ့ပြီး မိခင် ဖြစ်သူနဲ့ အတူ ပန်းချီ သင်တန်း လည်း တက် ရောက်ခဲ့ ပါ တယ်။ နောက်ပိုင်း မှာလည်း ပန်းချီ ဆွဲခြင်း ကို လေ့လာဖြစ်ခဲ့ပြီး ပန်းချီဆွဲ ရတာ စိတ်ငြိမ်းချမ်း မှုလည်း ရရှိသလို စိတ်ကို တည်ငြိမ် အောင်ထားရပြီး တခြား အနှောင့် အယှက် ရှိရင် ပုံက တစ်မျိုးဖြစ်သွား နိုင်တယ်လို့ ယွန်းဝတီ လွင်မိုးက ပြောပါတယ်။ ယွန်းဝတီလွင်မိုး က ကျောင်းမှာလည်း ပန်းချီ ဆွဲဖြစ်ပြီး ပထမဆုံး ဆွဲဖြစ်တဲ့ပုံ ကတော့ မင်းသမီး တစ်ယောက်ရဲ့ မျက်နှာပုံ ပဲဖြစ်ပါတယ်။ ပုံရဲ့ အဓိပ္ပာယ် နဲ့ ပတ် သက်ပြီး ယွန်းဝတီလွင်မိုးက.. “အကြည့်ကို စူးစူးလေး ဖြစ်နေအောင် ဆွဲ ချင်တာ။ တအား ဆွဲဆောင် မှု ဖြစ်နေ တာမျိုး ပေါ့။ အခက်အခဲ ကတော့ မျက်နှာပိုင်းမှာ ပုံစံ မကျတာတွေ ရှိတယ်။ အဲဒါ အမျိုးစုံ ထပ်ထပ် ပြင်တယ်။ တအားပြင်တာ များရင်လည်း ပန်းချီ ကားပျက်တာတွေလည်း ရှိတယ်။ ဒါကြောင့် အဲဒီ အပိုင်းမှာ သေချာဆွဲ ခဲ့ရ တယ်။ ဒီပုံကတော့ သမီးရဲ့ ပထမဆုံး ပုံပါ။ သမီးက Profile ပုံဆွဲချင်တာလေ။ ဒါနဲ့ အင်တာနက်မှာ မော်ဒယ်တွေရဲ့ Profile ပုံတွေကို အများကြီး ကိုရှာပြီး လိုက်ကြည့်တယ်။ ပြီး တော့မှ သူတို့ ပုံတွေ အကုန်လုံးကို ရောစုပြီးတော့မှ ဆွဲလိုက်တာပါ” လို့ ပြောပြပါတယ်။ ယွန်းဝတီ လွင်မိုးက မိဘတွေနဲ့အတူ ပန်းချီပြပွဲတွေ လည်း လိုက်ကြည့်ဖြစ်ပြီး ပန်းချီဆရာ ကြီး တွေရဲ့ပုံတွေကို ကြည့်ပြီး တအား လည်း အားကျခဲ့ရကြောင်း၊ ဖခင်ဖြစ် သူရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံ ကို လည်း ပန်းချီပြန်ဆွဲ ဖို့လည်း စိတ် ကူးထားကြောင်း၊ ပန်းချီတွေ က တော့ ဆက်ဆွဲဖို့ ရှိပြီး ပန်းချီပြပွဲပြုလုပ်ဖို့ အတွက်ကတော့ အချိန်တော်တော်ယူ ရဦးမှာ ဖြစ်ကြောင်း၊ ပန်းချီ သင်တန်းကို သေချာမတက် ဘဲနဲ့ ပန်းချီဆွဲဖို့ ဆိုတာ ကတော့ မလွယ်ကူ ကြောင်း ပြောပြပါတယ်။
Labels:
အနုပညာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment