ဂန္ထဝင်က ဂျာနယ်၊ မဂ္ဂဇင်းတွေ အတွက် ဓာတ်ပုံ
ရိုက်ကူးပေးနေပြီး Aroma ကိုစိန်လင်းရဲ့ ပေါက်နေပြီ စီးရီးခွေအတွက်
အမ်တီဗီ ရိုက်ကူးဖို့ ရှိတယ်လို့ လတ် တလော အနုပညာ လှုပ်ရှားမှု အကြောင်းကို
ပြောပြခဲ့ပါတယ်။ ကျန်းမာရေးကြောင့် အနုပညာ လှုပ် ရှားမှုတွေကို တစ်နှစ်
ကျော်ကျော်လောက် နားလိုက်ရပေမယ့် အ ဆင်ပြေရင် ပြန် လုပ်မှာပါ လို့
ပြောပြခဲ့ တဲ့ ဂန္ထဝင်က “ဂျာနယ်၊ မဂ္ဂဇင်းတွေ ဓာတ်ပုံ ရိုက်ဖို့ ရှိတယ်။
Aroma ကိုစိန်လင်းရဲ့ အမ်တီဗီ ရိုက်ဖို့ရှိတယ်။
အဲဒီလောက်ပါပဲ။ ကား ရိုက်တွေတော့ မရှိသေးပါဘူး။ ကြားထဲမှာ ကျီးပေါင်းလည်း ဖြစ်လိုက်သေးတယ်။ ကျီးပေါင်းက ဘယ်တော့ မှပျောက်သွားတာမျိုး မရှိဘူးလေ။ အစ်မက ကျီး ပေါင်းဖြစ် တာက တအားမူးတဲ့ အထိဖြစ်သွားတော့ ကားရိုက်တွေ နားထား ရတယ်။ ကားရိုက်က အာရုံ စိုက်ရတယ်လေ။ အာရုံစိုက် ရတော့ တအားမူးတယ်။ တအား မူးတော့ အစ်မ နားလိုက်တာ တစ်နှစ်ကျော်လောက် ဖြစ်သွားတယ်။ အခုတော့ နည်းနည်း သက်သာတယ် ။ ဆေးထိုး၊ ဆေးသောက် နဲ့ ဆိုတော့ တော်တော် လေး သက် သာနေပြီ။ ကားရိုက်ဖို့ လာခေါ်ရင် အဆင်ပြေတယ် ဆိုရင် ပြန်ရိုက် ဖြစ်မှာပါ” လို့ ပြောပြပါတယ်။ အနုပညာ အလုပ်တွေကို လုပ်ချင်တာကြောင့် အခု အချိန်ထိ အိမ် ထောင်ရေး ကို မစဉ်းစားသေးကြောင်း ကိုလည်း.. “နားနေပေမယ့် လည်း အစ်မရဲ့ သွေးသား ထဲမှာ အနုပညာက အမြဲရှိနေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အနုပညာကို တအားချစ်တယ်။ အခုချိန်မှာနားနေတာ ဆိုတော့ အနုပညာကို အဆက် အသွယ်ဖြတ် လို့ရှိရင် ဖြတ်လို့ ရတယ်။ ဒါပေမဲ့ မဖြတ်နိုင်ဘူး။ ဘယ်နေရာက ပဲဖြစ်ဖြစ်ပါ ရမယ်ဆိုရင် ဝင်ပါမယ်။ အခုအချိန် ထိလည်း အဆက် အသွယ် ဖြတ်လိုက်တာမျိုး မရှိဘူး။ ဓာတ်ပုံ ရိုက်တာပဲဖြစ်ဖြစ်၊ ဗီစီဒီပဲဖြစ်ဖြစ် ရိုက်တယ်။ အခုအချိန် ထိလည်း အချစ်ရေးတွေ၊ အိမ်ထောင်ရေးတွေ မစဉ်းစားသေး ဘူးပေါ့နော် (ရယ်လျက်) အချစ်ရေး ကတော့ အေးဆေးပါပဲ။ ကိုယ်နားနေရတဲ့ အချိန် မှာလည်း အနုပညာ အလုပ်တွေကို လုပ်ချင်တာကြောင့် အားမလို အားမရဖြစ်မိ တယ်။ ပေါ့ပေါ့ပါးပါးလေး နဲ့ပဲ အရင် ပြန်စလုပ်ပြီး နောက်ပိုင်းမှာ ဒရာမာ မျိုးပဲ ရိုက်ချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

No comments:
Post a Comment