Wednesday, June 18, 2014

အီဂျစ်နိုင်ငံတွင် အစိုးရအဖွဲ့သစ် ကျမ်းသစ္စာ ကျိန်ဆို

အီဂျစ်နိုင်ငံတွင် ဝန်ကြီးချုပ် Ibrahim Mahlab ဦးဆောင်သည့် အစိုးရအဖွဲ့သစ်သည် ဇွန် ၁၇ ရက် အစောပိုင်းတွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်းနှင့် ၎င်းအစိုးရသစ်တွင် သမ္မတသစ် အဗ္ဗဒူဖာတက် အယ်လ်စီစီက ဘဏ္ဍာရေးနှင့် လုံခြုံရေး ဝန်ကြီးများကို ၎င်းတို့၏ မူလရာထူးနေရာအတိုင်း ခန့်အပ် ခဲ့ကြောင်း သိရသည်။

ကြားဖြတ် ဝန်ကြီးချုပ်အဖြစ် ၅ လကြာ တာဝန်ထမ်းဆောင်ခဲ့သည့် Mahlab သည် မေလအတွင်း ပြုလုပ် ခဲ့သော သမ္မတရွေးကောက်ပွဲတွင် ယခင်စစ်ဘက် အကြီးအကဲ အယ်လ်စီစီက အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက် ၎င်း၏ ရာထူးနေရာကို ပြန်လည်ရရှိ ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကျမ်းသစ္စာ ကျိန်ဆိုမှု အခမ်းအနားကို ကိုင်ရိုမြို့တော်ရှိ သမ္မတအိမ်တော်၌ ဇွန် ၁၇ ရက် အစောပိုင်း တွင် ပြုလုပ်ခဲ့ပြီး နိုင်ငံပိုင် ရုပ်သံများမှ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့သည်။ အစိုးရအဖွဲ့သစ်တွင် ဝန်ကြီး ၃၄ ဦးပါဝင်ပြီး အသစ် ခန့်အပ်ခဲ့သော ဝန်ကြီး ၁၄ ဦးတွင် အမျိုးသမီးလေးဦး ပါဝင်ကြောင်း သိရသည်။ ၎င်းအစိုးရ အဖွဲ့သစ်တွင် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးအဖြစ် Ashraf Salman နှင့် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် အမေရိကန် နိုင်ငံဆိုင်ရာ သံအမတ် ကြီးဟောင်း Sameh Shukri တို့ ပါဝင်သော်လည်း ဘဏ္ဍာရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ စီမံကိန်း၊ ရေနံ၊ လျှပ်စစ်ဓာတ်အားပေးရေး၊ ထောက်ပံ့ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ ဝန်ကြီးရာထူး နေရာများအား ၎င်းတို့၏ မူလ ရာထူးများ အတိုင်း ပြန်လည် ခန့်အပ်ခဲ့သည်။

 

No comments:

Post a Comment

back to top