Wednesday, June 18, 2014

Mobile Banking စနစ် လုပ်ကိုင်ရန် သတ်မှတ်အချက် အလက် ပြည့်စုံ မှသာ လုပ်ကိုင်ခွင့် ပြုမည် 

မြန်မာနိုင်ငံအတွင်း Mobile Banking စနစ် လုပ်ကိုင်ခွင့်ပြု ထားသော်လည်း သတ်မှတ် ထားသည့် အချက် အလက်များ ပြည့်စုံမှသာ Mobile Banking ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင် ခွင့်ပြု မည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ Mobile Banking စနစ် လုပ်ကိုင်ရန်အတွက် ပြည်တွင်းရှိ ဘဏ်အားလုံးကို ဝန်ဆောင်မှု လုပ်ငန်း လျှောက်ထားခွင့်ပြု ထားသည်။ ဘဏ်များ အနေဖြင့် လာရောက် လျှောက်ထားသော်လည်း အချက်အလက်များ မပြည့်စုံခြင်းနှင့် အခြား လိုအပ်ချက်များ ရှိသည့် အတွက် ပြန်လည် လျှောက် ထားနိုင်ကြောင်း သိရသည်။
ယင်း Mobile Banking စနစ်ကို မြန်မာနိုင်ငံ၌ အသုံးပြုမည် ဆိုပါက ငွေကြေးဆိုင်ရာ ပို့ဆောင်ရေးများတွင် လွယ်ကူလျင်မြန်စွာ လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်း Mobile Banking စနစ် လုပ်ကိုင်နိုင်ရန် အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ လုပ်ကိုင် ခွင့် လျှောက်ထားသည့် ဘဏ်များမှာ ပထမ ပုဂ္ဂလိကဘဏ်၊ သမဝါယမဘဏ် လီမိတက်၊ အင်းဝဘဏ် လီမိတက်၊ မြဝတီဘဏ်၊ ဧရာဝတီဘဏ်၊ ကျေးလက် ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားဘဏ် အပါအဝင် အခြားဘဏ်များမှလည်း လျှောက်ထားကြောင်း သိရသည်။
ထို့အပြင် ယခုလ အတွင်း၌လည်း လျှောက်ထားသော ဘဏ်များအတွင်းမှ ဘဏ်နှစ်ခုကို လုပ်ကိုင်ခွင့် ထပ်မံခွင့်ပြုရန် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ အစိုးရဘဏ်နှင့် ပြည်တွင်း ပုဂ္ဂလိကဘဏ် စုစုပေါင်း ၂၄ ခု ရှိပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် Mobile Banking စနစ်ကို လုပ်ကိုင် ဆောင်ရွက်နိုင်ရန် အတွက် အဆင့်ဆင့် ဆောင်ရွက် ခဲ့ရာ နိုင်ငံတော် သမ္မတရုံးမှ လုပ်ငန်း လုပ်ကိုင်ခွင့်ပြုချက် ရရှိခဲ့ကြောင်း သိရသည်။
Mobile Banking စနစ် ဝန်ဆောင်မှု ပေးရာတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ် Network ကို အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

 

 

No comments:

Post a Comment

back to top