Tuesday, June 24, 2014



ယခုနှစ်ကုန်တွင် တယ်လီနော် (မြန်မာ) က တာဝါတိုင် ၂၄၀၀ တည်ဆောက်ပြီးစီးရန် ခန့်မှန်း
တယ်လီနော (မြန်မာ) ဆက်သွယ်ရေး ကုမ္ပဏီသည် ယခုနှစ် နှစ်ကုန်ပိုင်းတွင် ဆက်သွယ်ရေး တာဝါတိုင် ၂၄၀၀ တည်ဆောက်ပြီးစီးရန် ခန့်မှန်းထားကြောင်း တယ်လီနော (မြန်မာ) ဆက်သွယ်ရေး ကုမ္ပဏီမှ သိရ သည်။
ပြည်တွင်း၌ ဆက်သွယ်ရေး တာဝါတိုင်များ ဆက်တိုက်ဆောက်လုပ်လျက်ရှိပြီး စက်တင်ဘာလတွင် တာဝါတိုင် ၈၀၀ နှင့် ၁၀၀၀ ကြား ပြီးစီးမည်ဖြစ်ကြောင်း တယ်လီနော (မြန်မာ) မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး က ပြောသည်။
တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီ၏ မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက် ရာတွင် Ayeyarwady Green Technology (AGT) နှင့် APOLLO ကုမ္ပဏီများက တာဝန်ယူ တည်ဆောက်ပေးခြင်း ဖြစ်ပြီး ဆက်သွယ်ရေး တာဝါတိုင်၏ လုံခြုံရေး လျှပ်စစ်နှင့် မြေငှားရမ်းမှုများကို အဆိုပါ ကုမ္ပဏီနှစ်ခုနှင့် အခြား ဆက်စပ် ကုမ္ပဏီများက တာဝန်ယူထားခြင်းဖြစ်သည်။
မိုဘိုင်းလ်ဆင်းကတ်များကို စက်တင်ဘာလတွင် မြန်မာကျပ်ငွေ ၁၅၀၀ ဖြင့် လိုအပ်မှုရှိသလို ချပေးနိုင်ရန် ဆင်းမ်ကတ် ၁၀ သန်း ၀ယ်ယူထားကြောင်း သိရသည်။ လက်ရှိအချိန်တွင် တယ်လီနောက တာဝါတိုင် စိုက်ယူရာ မြေနေရာများတွင် မြေပိုင်ရှင်များနှင့် ၁၅ နှစ် သက်တမ်း စာချုပ်ချုပ်ဆိုလျက်ရှိကြောင်း သိရှိရ သည်။

No comments:

Post a Comment

back to top