ဟင်္သာတခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း ၀ါဆိုသင်္ကန်း ကပ်လှူ ပူဇော်ပွဲသို့ ပြည်ခိုင်ဖြိုး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်နှင့် မြို့နယ်များရှိ ဌာနဆိုင်ရာများ စုပေါင်း၍ သံဃာတော် အပါးကိုးဆယ်အား ၀ါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကို ဇွန်လ (၂၂) ရက် နံနက် (၇) နာရီတွင် ဆယ်ထပ်ကြီး ရုပ်ရှင်တော်ဘုရားဝင်း အတွင်း ရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုးမြင့်၊ ခရိုင်နှင့် မြို့နယ်မှ အကြီးအကဲ များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
No comments:
Post a Comment