Monday, June 23, 2014

MR. ASIA MYANMAR 2014 အတွက် ပြိုင်ပွဲဝင် လျှောက်လွှာ များ ခေါ်ယူ 

ဟောင်ကောင်မြို့၌ သြဂုတ်လတွင် ကျင်းပမည့် MR. ASIA 2014 ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ခွင့် ရရှိမည့် MR. AS-IA MYANMAR 2014 အတွက် ပြိုင်ပွဲဝင် လျှောက်လွှာများ ဖိတ်ခေါ်လျက်ရှိ ကြောင်း သိရသည်။
MR. ASIA  2014 ပြိုင်ပွဲကြီးသည် ကမ္ဘာတစ်ဝန်းလုံးရှိ အာရှသားများနှင့် အာရှနွယ်ဖွား နိုင်ငံ ကိုယ်စားပြု အမျိုးသား လူငယ်များ ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲကြီးဖြစ်ပြီး ဟောင်ကောင်မှ အိမ်ရှင် အဖြစ် လက်ခံကျင်းပ မည် ဖြစ်သည်။
''Mr.Asia က Casting လူတွေနဲ့ ရွေးချယ်မှာပါ။ မြန်မာနိုင်ငံ ကိုယ်စားပြု အာရှ ဂုဏ်ဆောင် လူငယ် ဖြစ် လို သူတွေ ဝင်ရောက်ယှဉ်ပြိုင် နိုင်ပါတယ်။ Mister International အတွက် ကိုတော့ စက်တင်ဘာလ မှာ မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံး အမျိုးသားပြိုင်ပွဲကြီးအဖြစ် ကျင်းပ သွားမှာပါ'' ဟု Mister International Myanmar မှ National Director ကိုဝေယံအောင်က ပြောသည်။

အဆိုပါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသူများ အနေဖြင့် အနည်းဆုံး တက္ကသိုလ် ဝင်တန်း အောင်မြင် ထားသူ၊ အိမ်ထောင်မရှိဖူးသူ မြန်မာနိုင်ငံသား ဖြစ်ရသည်။ အရပ် ၅ ပေ ၉ လက်မ အနည်းဆုံး ရှိရ မည် ဖြစ်သည်။ ထို့အပြင် ခန္ဓာကိုယ် ကျန်းမာ ကြံ့ခိုင်ပြီး အသက် ၁၈ နှစ်မှ ၂၉ နှစ်ကြား မည်သူ မဆို လျှောက် ထား နိုင်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်ခွင့် လျှောက်လွှာများကို Miss Gloden  Land  Myanmar  Organiza-tion ရုံး တိုက်အမှတ် (၄၅) ပထမထပ် ကျောက်မြောင်းဈေးလမ်း တာမွေမြို့နယ်တွင် လာရောက် ထုတ်ယူ နိုင်ပြီး ဇွန် ၂၈ ရက်နောက်ဆုံး ထား ပေးပို့ရမည် ဖြစ်ကာ ဖုန်း-ဝ၉-၄၄၄ဝ၁၂၃၉ဝ၊ ဝ၉-၃၁၂၅၂ဝဝ၁ နှင့် ဝ၉-၄၃ဝ၂၆၁၅၈ တို့သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top