ပိုမိုပြင်းထန် လာနိုင်ဖွယ်ရှိသည့် အီရတ်ပြည်တွင်းစစ်
အီရတ်နိုင်ငံရဲ့
ပြည်တွင်းစစ်အတွင်း ရှီးယိုက်ဘာသာရေး ခေါင်းဆောင်များက ဆွန်နီအစွန်း
ရောက် အကြမ်းဖက်တွေနဲ့ တိုက်ခိုက်ဖို့ လှုံ့ဆော်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ အီရတ်နိုင်ငံရဲ့ လူများစုဖြစ်တဲ့
ရှီးယိုက်ဘာသာရေး ခေါင်းဆောင်က ဆွန်နီအစွန်းရောက်တွေကို ခုခံကြဖို့
ထောက်ခံသူတွေကို လှုံ့ဆော် ခဲ့ပြီးနောက် အီရတ်စစ်ပွဲဟာ
ပိုမိုပြင်းထန်လာနိုင်တယ်လို့ သိရပါတယ်။
အီရတ်အစိုးရကတော့ သောကြာနေ့မှာ ဆွန်နီအကြမ်းဖက်သမားတွေကို စစ်တပ်မှ
တိုက်ခိုက်ခဲ့ပြီး ဘဂဒက်မြို့နဲ့ ကီလိုမီတာ(၁၂၀)အကွာက အကြမ်းဖက်တွေ
သိမ်းပိုက်ထားတဲ့ ရွာငယ်တစ်ခုကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်လို့
ပြောကြားခဲ့ပါတယ်။ ဆီးရီးယားနယ်စပ်နားက ကာအင်မြို့မှာလဲ စစ်ပွဲတွေ
ဆက်လက်ဖြစ်ပွားနေပြီးတော့ စစ်သား(၃၄)ဦးကျဆုံးခဲ့တယ်လို့ အီရတ် အစိုးရက
အတည်ပြုခဲ့ပါတယ်။
သောကြာနေ့က အီရတ်ဘာသာရေးခေါင်းဆောင် “အယာတိုလာ အလီ အယ်လ်စစ္စတာနီ” Grand
Ayatollah Ali al-Sistani က ၀တ်ပြုသူတွေကို အစွန်းရောက် တွေကို
တိုက်ခိုက်ဖို့ တိုက်တွန်းခဲ့ပြီး အရမ်းနောက်မကျခင်မှာ အစွန်းရောက်တွေကို
နှိမ်နင်းရ မယ်လို့ ပြောကြားခဲ့ပါတယ်။ သူရဲ့မိန့်ခွန်း အပြီးမှာတော့
အီရတ်စစ်တပ်ကို ၀င်ရောက်လာသူ ပိုများလာပြီး အများစုက
ရှီးယိုက်တွေဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment