Monday, June 23, 2014

မင်းသမီး ဇန်ဒါယာကိုးလ်မန် မက်ဒေါနား ပိုင် Material Girl ဖက်ရှင် ကုမ္ပဏီ၏ မျက်နှာသစ် မော်ဒယ်လ် ဖြစ်လာ 

ဆယ်ကျော်သက်  ဒစ်စနေးရုပ်သံ မင်းသမီးချော ဇန်ဒါယာကိုးလ်မန် သည် ပေါ့ပ်ဘုရင်မ  မက်ဒေါနား၏ Material Girl ဖက်ရှင် ကုမ္ပဏီ အတွက် မျက်နှာသစ် မော်ဒယ်လ် ဖြစ်လာခဲ့သည်ဟုသိရသည်။
ဇန်ဒါယာကိုးလ်မန်သည် ငယ်ရွယ်သော်လည်း သူမကိုယ် သူမ ယုံကြည်မှု အပြည့် ရှိခဲ့သည့်   မင်းသမီး တစ်လက် ဖြစ်ကြောင်း၊ Material Girl ဖက်ရှင် ကုမ္ပဏီ အတွက် အစွမ်းကုန် ကြိုးစားပေးမည့်သူ တစ်ဦးဟု ယုံကြည်မိကြောင်း မက်ဒေါနားက အသက် ၁၇ နှစ် အရွယ်သာ ရှိသေးသည့် ဇန်ဒါယာ၏ အနုပညာ အရည်အသွေးကို   ချီးကျူး ပြောဆိုခဲ့သည်။
Material Girl ကုမ္ပဏီ၏  ဒီဇိုင်း အကြံပေး တစ်ဦးဖြစ်သူ မက်ဒေါနား၏ သမီး လော်ဒီးစ်လီယွန် ကလည်း ဇန်ဒါယာသည်  ကိုယ်ပိုင်စတိုင် ရှိသည့် မင်းသမီးဖြစ်ပြီး သူမ၏စတိုင် ကို နှစ်သက်ကြောင်း ပြောကြား ခဲ့သည်။ Material Girl ဖက်ရှင် ကုမ္ပဏီ၏ ယခင် မော်ဒယ်လ်များမှာ ရီကာအိုရာ၊ တေလာမန်ဆန်နှင့် ဂျော်ဂျီယာမေ ဂျက်ဂါတို့ ဖြစ်သည်ဟု သိရသည်။

 

No comments:

Post a Comment

back to top