Monday, June 2, 2014

It's Okay, That's Love ဇာတ်ကားပါဝင်မယ့် အဆိုတော် D.O. 

 

SBS ကထုတ်လွှင့် ပြသမယ့်  It's Okay, That's Love ဇာတ်ကားမှာ EXO Boy Band မှ အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ အဆိုတော် D.O. ပါဝင် သရုပ်ဆောင် မယ်လို့ သိရပါတယ်။ D.O. နဲ့ အတူမင်းသား Jo In Sung, Lee Kwang Soo နဲ့ မင်းသမီး Gong Hyo Jin တို့လည်း  ပါဝင် မယ်လို့ သိရပါတယ်။
ဇာတ်လမ်းကို ရေးသား သူကတော့ Noh Hee Kyung ဖြစ်ပြီး ဒါရိုက်တာ ဖြစ်သူ Kim Kyu Tae ကဇာတ်ကားကို ဖန်တီးရိုက်ကူးပေးမှာ ဖြစ်ပါတယ်။ ဇာတ်ကား ထဲမှာ မင်းသား Jo In Sung ဟာ ဆန်းဆန်းပြားပြား ဝတ္ထုတွေကို ရေးသားတဲ့ စာရေး ဆရာ ဇာတ်ကောင် Jang Jae Yeol အဖြစ် သရုပ်ဆောင်မှာ ဖြစ်ပြီး D.O. ကတော့ ဇာတ်ကောင် Jang Jae Yeol ကို အားကျ နှစ်သက်ပြီး အောင်မြင် ကျော်ကြားတဲ့ စာရေးဆရာ တစ်ယောက် ဖြစ်ချင်သူ  ဇာတ်ကောင် Han Kang Woo အဖြစ် ပါဝင် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ It's Okay, That's Love ဇာတ်ကားကိုတော့ You're All Su-rrounded ဇာတ်ကား ပြသပြီးချိန် ဇူလိုင်လမှ စတင် ပြသမယ်လို့ သိရပါတယ်။ EXO Boy Band ဟာ လတ်တလော အရမ်း အောင်မြင်နေတဲ့ အဖွဲ့ ဖြစ်တာမို့  အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ D.O. ပါဝင်မယ့် ဇာတ်ကား ကလည်း ပရိသတ်တွေ အားပေးမယ့် ဇာတ်ကားကောင်းလေး ဖြစ်မှာတော့ အမှန်ပဲ ဖြစ် ပါတယ်။   

No comments:

Post a Comment

back to top