ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌဦးဌေးဦးနှင့်အလှူရှင်များဟင်္သာတခရိုင်စက္ခုပါလာဒိဖောင်ဒေးရှင်း Microscope နှင့် အလှူငွေများပေးအပ်လှူဒါန်း
ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးနှင့် အလှူ ရှင်များက ဧရာဝတီတိုင်းဒေသ ကြီး ဟင်္သာတမြို့ စက္ခုပါလာဒိ ဖောင်ဒေးရှင်းသို့ Microscope နှင့်အလှူငွေများ၊ အရေးပေါ် မော်တော်ယာဉ်နှင့်သုံးဘီးဆိုင်ကယ် များပေးအပ်လှူဒါန်းပွဲကိုယမန်နေ့ မွန်းလွဲ ၂နာရီခွဲတွင် ဟင်္သာတ ခရိုင်ဆေးရုံကြီး၌ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ သန်လျင်နတ်စင်တစ်ရာဆရာတော် ဘဒ္ဒန္တပညာတေဇ၊ လယ်ယာ/ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးအုန်းသန်းနှင့်တိုင်းဒေသ ကြီး ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ၊ ကြက်ခြေနီအသင်း ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံပြည်သူ များတက်ရောက်ကြသည်။
အခမ်းအနားတွင် ဟင်္သာတ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်စက္ခုပါလာဒိဖောင်ဒေးရှင်း နာယက ဦးဌေးဦးက စက္ခုပါလာ ဒိဖောင်ဒေးရှင်းဖြစ်ပေါ်လာပုံများ၊ တည်ထောင်ဖြစ်ခဲ့ပုံနှင့်စက္ခုပါလာ ဒိအမည်ပေးခဲ့ပုံ၊ လူနာတင်ယာဉ် များ၊ သုံးဘီးဆိုင်ကယ်များလှူဒါန်း ရခြင်းနှင့် စက္ခုပါလာဒိဖောင်ဒေး ရှင်း၏ လုပ်ဆောင်နေမှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အလှူရှင်များက ကျပ်သိန်း ၂၅ဝ တန်ဖိုးရှိ Microscope ၁ဝ လုံးကို လည်း ကောင်း၊အရေးပေါ်မော်တော်ယာဉ် နှင့် အရေးပေါ်သုံးဘီးဆိုင်ကယ် သုံးစီးကိုလည်းကောင်း၊ စုစုပေါင်း အလှူငွေကျပ်သိန်း ၇၅ဝကျော်ကို လည်းကောင်း ပေးအပ်လှူဒါန်းရာ စက္ခုပါလာဒိ ဖောင်ဒေးရှင်းမှ ဒုတိယဥက္ကဋ္ဌ ဦးသန်းထွန်းက ကျေးဇူးတင် စကားပြန်လည်ပြော ကြားခဲ့သည်။
No comments:
Post a Comment