Monday, June 2, 2014


လွှတ်တော်ကိုယ်စားလှယ်များ ချောင်းဦးမြို့မီးဘေးကို ချက်ချင်းသွားရောက်ကူညီ၊ ပြည်ခိုင်ဖြိုးပါတီမှထောက်ပံ့




ချောင်းဦးမြို့တွင် မေ ၃၁ ရက် မွန်းလွဲ၂နာရီ၄၅မိနစ်မှ ညနေ၅နာရီအတွင်း လောင်ကျွမ်းခဲ့သော မီးကြောင့်ချောင်းဦးမြောက်ရပ်ကွက် မှ မိဘပြည်သူ ၂၂၄ဦး အိုးအိမ်မဲ့ ကာ အိမ်ထောင်စု ၅၃စု မီးဘေး သင့်မှုအပေါ် ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်း၊ စစ်ကိုင်းတိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဦး သန်းထိုက်၊ ဒေါက်တာမြင့်သိန်း တို့သည် ချက်ချင်းသွားရောက် ကူညီပေးခဲ့ကြသည်။

ယခုနှစ် မေ ၃၁ရက်တွင် မီးဘေးသင့်ပြည်သူများအား တိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးသာအေးက လာရောက်ကြည့်ရှုစစ်ဆေးခဲ့၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ နှင့် လတ်တလော စားဝတ်နေရေး ကိစ္စရပ်များကို ကူညီဖြေရှင်းပေးခဲ့ ပြီး ဆက်လက်ဆောင်ရွက်ရန် ကိစ္စ ရပ်များကို လွှတ်တော်ကိုယ်စား လှယ်များအား မှာကြားခဲ့သည်။


ယနေ့တွင်ပြည်ထောင်စုလွှတ် တော်ဖွံ့ဖြိုးရေးရန်ပုံငွေမှ အိမ် ထောင်စုတစ်စုလျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် ကျပ် ၁ဝ၆ သိန်းကို ပေးအပ်လှူဒါန်းထောက် ပံ့ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တစ်အိမ်ထောင် လျှင် ဆန်အိတ်နှစ်အိတ်နှုန်း ပေး အပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီး ပါတီတွဲဖက်အတွင်းရေးမှူး ဦး အောင်ကျော်ဦးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များက
ပေးအပ်လှူဒါန်းခဲ့သည်။ လှူဒါန်း ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်က ပြန်လည်နေရာချထားရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ ပြီးလမ်းသစ်များ ဖောက်လုပ်နေရာ ချထားရေး၊ ပြန်လည်ထူထောင်
ရေး၊ ချေးငွေရရှိရေးတို့ကို သဘော ထားရယူခဲ့သည်။ ထို့အပြင် မုံရွာ၊ ချောင်းဦးမြို့နယ်များမှ စေတနာ ရှင် ပြည်သူများကလည်း ပေးအပ် လှူဒါန်းခဲ့ပြီး အနောက်မြောက် တိုင်း စစ်ဌာနချုပ်တိုင်းမှူးက ဆန် အိတ်များ ပေးအပ်လှူဒါန်းခဲ့ကာ တိုင်းစစ်ဌာနချုပ်မှ တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များက မီးလောင်ပြင်တွင် သန့်ရှင်းရေး လုပ်အားပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top