မိစန္ဒီနဲ့ အသည်းကွဲသီချင်း တွဲဖက်သီဆိုထားတဲ့ နီနီခင်ဇော်
မိစန္ဒီနှင့် တွဲဖက်သီဆို ထားသော ‘‘ကျေးကျွန်’’အမည်ရှိ
သီချင်းသည်မိန်းကလေး ပရိ သတ်ကြားရေပန်း စားသော သီချင်းဖြစ်လာမည်ဟု
မျှော်မှန်းထား သည်ဟု နီနီခင်ဇော်က ပြောသည်။ ‘‘နီနီနဲ့ မိစန္ဒီခင်တာ ကြာပါ ပြီ။ သူ့ပထမအယ်လ်ဘမ်မှာ မကူ
ပေးဖြစ်တဲ့အခါကျတော့ ဒုတိယ အယ်လ်ဘမ် မှာ သီချင်းလေး ဆို ပေးထားပါတယ်’’ ဟု
နီနီခင်ဇော် က ပြောသည်။
ကျေးကျွန်သီချင်းသည် အ သည်းကွဲသောအကြောင်းအရာ ကို ရေးစပ်ထားကာ
တစ်ပုဒ်လုံး ၏ မယ်လိုဒီရက်ပ် စာသားများကို မိစန္ဒီကိုယ်တိုင်ရေးသားထားပြီး
ယင်းသီချင်းသည် ဇွန်လတွင် ထွက်ရှိလာ မည့် မိစန္ဒီ၏ ပစ်တိုင်း ထောင်
အယ်လ်ဘမ်တွင် ပါဝင် မည်ဖြစ်သည်။
‘‘သီချင်းရဲ့ ပြောချင်တဲ့အ ကြောင်းအရာကို ဆုံးခန်းတိုင်ထိ ရောက်တယ်။
သီချင်းကို ခံစားတဲ့ အခါမှာ ခံစားသက်ဝင်မှုထက် စာ ရင် သီချင်းရဲ့စာလုံးတွေက
အပြည့်အ၀ ခံစားမှုပေးနိုင်တယ်။ နီနီတော့ ကြိုက်တယ်။ အစ်မရဲ့ ရက်ပ်တွေကို
ပိုပြီးသဘောကျ တယ်။ အသည်းကွဲတဲ့သူတွေ အခုတစ်လော များမယ်ဆိုရင်တော့
သဘောကျကြဦးမှာပါ’’ ဟု နီနီ ခင်ဇော်က ပြောသည်။ နီနီခင်ဇော်သည် လတ်တ လောတွင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့
ရှိုးပွဲများတွင် သီ ဆိုမည်ဖြစ်ပြီး ၎င်း၏မာရီယိုစီးရီး ဗီစီဒီ ထွက်ရှိရန်လည်း
ပြင်ဆင် နေသည်။
No comments:
Post a Comment