Friday, June 20, 2014

ကိုယ်ပိုင်ဟန်နဲ့ ရုပ်ရှင်ကားကြီးမှာ သရုပ်ဆောင်မယ့် ရဲရင့်အောင်

သရုပ်ဆောင်အဖြစ် ရပ် တည်သွားရန် အစီအစဉ်မရှိသော် လည်း ဘိုဘိုအင်တာတိန်းမန့်မှ စီစဉ်သည့် ရုပ်ရှင်ဇာတ်ကားကြီး တွင် ပါဝင်သရုပ်ဆောင်ရန် လက်ခံထားကြောင်း ရဲရင့်အောင် ကပြောသည်။
‘‘ငယ်ငယ်ကတည်းက ဘိုဘိုအန်တာတိန်းမန့်နဲ့ သီချင်း တွေ အမြဲလုပ်ဖြစ်တယ်။ သူတို့ စီစဉ်တဲ့ ပွဲတွေမှာလည်း ဆိုဖြစ် တယ်။ အခုရုပ်ရှင်ရိုက်မယ်၊ အတူ ရိုက်ရမယ့်သူတွေကလည်း စီနီယာတွေ ဂီတလောကထဲက လူတွေပဲ ဆိုတော့ ရိုက်ဖြစ်တယ်’’ဟု ရဲရင့်အောင်က ပထမဆုံးရုပ်ရှင်လက် ခံရိုက်ကူး ရသည့်အကြောင်း ကို ပြောသည်။
အဆိုပါရုပ်ရှင်တွင် ၎င်းနှင့် အတူ လွှမ်းပိုင်၊ Bobby Soxer၊ နန်းမြတ်ဖြိုးသင်း တို့ ပါဝင် သရုပ် ဆောင် မည်ဖြစ်ပြီး လူငယ်ဆန်ဆန် တက္ကသိုလ်ကျောင်းသား ဇာတ်ကားအဖြစ် ဒါရိုက်တာ ၀င်းလွင်ထက် က ရိုက်ကူး မည်ဟုဆို သည်။
ရုပ်ရှင်ကို ဇူလိုင်တွင် စတင် ရိုက်ကူးမည်ဖြစ်ပြီး သရုပ်ဆောင် ဘက်တွင် မကျွမ်းကျင်သော် လည်း တတ်နိုင် သလောက် အ ကောင်းဆုံးဖြစ်အောင် လုပ် ဆောင်မည်ဟု ရဲရင့်အောင်က ပြောသည်။
‘‘ကျွန်တော်နေ့စဉ်ကြုံတွေ့ နေရတာတွေကို ဒီလိုဖီလင်ရင်ထဲ ကို ၀င်လာရင် ငါ့ပုံစံဒီလိုဖြစ်သွား တယ်ဆိုပြီး မှတ်ထားတယ်။ သဘာဝကျကျနဲ့ ကျွန်တော်လုပ် တတ်တာတွေကိုပဲ လုပ်မှာပါ’’ဟု ၎င်းကပြောသည်။ ယခင်က ဗီဒီယိုဇာတ်ကား များတွင် သရုပ်ဆောင်ရန် ကမ်း လှမ်းမှုများရှိသော်လည်း အဆင် မပြေသဖြင့် လက်ခံရိုက်ကူးနိုင်ခဲ့ ခြင်းမရှိဘဲ မကြာမီရက်အတွင်းက ကိတ်မုန့်ကြော်ငြာတစ်ခုလက် ခံရိုက်ကူးခဲ့ကြောင်း ရဲရင့်အောင် ကပြောသည်။ လတ်တလောအနုပညာ လှုပ်ရှားမှုအနေဖြင့် ပထမဆုံး တစ်ကိုယ်တော်ခွေ အတွက် သီချင်း များစတင်ရေးနေကြောင်း ၎င်းကပြောသည်။

 

No comments:

Post a Comment

back to top