Friday, June 20, 2014

ဂျက်ကီချန်းပါဝင်သည့် “Dragon Blade” ဇတ်ကားတွင် အက်ဒရီးယန် ဘရော့ဒီနှင့် ဂျွန်ကူးဆက်တို့ပါဝင်မည်

ဟောင်ကောင်သရုပ်ဆောင် ဂျက်ကီချမ်းက ၄င်း၏ အအောင်မြင်ဆုံးရုပ်ရှင်ဇတ်လမ်းဖြစ်သည့် “Dragon Blade” တွင် ဟောလီးဝုဒ် မင်းသား အက်ဒရီးယန် ဘရော့ဒီ ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း ရှန်ဟိုင်း အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖေါ်ပြောကြားခဲ့သည်။ ဘရော့ဒီသည် ၂၀၀၂ ခုနှစ်က ရိုက်ကူးခဲ့သော “The Pianist” ဇာတ်ကားတွင် လူသိများခဲ့ပြီး ယခုဇတ်ကားတွင် အောင်မြင်စွာသတ်ဖြတ်လိုသော ရည်မှန်းချက်ကြီးသည့် ရောမစစ် ဗိုလ်ချုပ်ကြီး Tiberius နေရာတွင် သရုပ်ဆောင်မည်ဖြစ်သည်။
ဟောင်ကောင်ဒါရိုက်တာ ဒန်နီးယယ်လီဦးဆောင် ရိုက်ကူးသော “Dragon Blade” ဇာတ်ကား တွင် နောက်ထပ်ဟောလီးဝုဒ် စတား ဂျွန်ကူးဆက် လည်းပါဝင်မည်ဖြစ်ကာ ၄င်းသည် ရောမစစ်ဗိုလ်ချုပ်ကြီး Lucius နေရာမှ ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။ ဇာတ်လမ်းမှာ BC (၄၈) ရာစုခန့်က တရုတ်နိုင်ငံ ဟန်မင်းဆက်အုပ်စိုးစဉ် နိုင်ငံ၏ အနောက်ဖက်နယ်စပ်အားကာကွယ်ရန် တာဝန်ပေးခြင်း ခံရသည့် တရုတ် စစ်သေနာမတိ Huo An (Chan) အား ဇာတ်ကျောရိုးတည်ထားခြင်းဖြစ်သည်။

 

No comments:

Post a Comment

back to top