ကိုပါကာဘာနာ ကမ်းခြေမှာ ပရိသတ်တွေနဲ့ စည်ကားနေ
ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုးမြို့က ကိုပါကာဘာနာ ကမ်းခြေမှာ ကမ္ဘာ့ဖလားပွဲ ကြည့်ရှုသူ ပရိသတ်တွေနဲ့ စည်ကားနေပြီး ဇွန်(၂၀)က ယှဉ်ပြိုင်ခဲ့တဲ့ ပြင်သစ်နဲ့ ဆွစ်ဇာလန်တို့ပွဲစဉ်ကို နှစ်ဖက်အသင်း ပရိသတ်တွေ အတူတကွ ကြည့်ရှုခဲ့ကြပါတယ်။
ဧရာမ ရုပ်သံစက်ကြီးတွေနဲ့ ကမ္ဘာ့ဖလား ပွဲစဉ်တွေကို ကြည့်ရှုနိုင်ဖို့ ပရိသတ်ဇုန်အဖြစ် သတ်မှတ်ပေးထားတဲ့ အဲဒီကမ်းခြေမှာ နိုင်ငံပေါင်းစုံက ပရိသတ်တွေဟာ ပျော်ရွှင်စွာ အပန်းဖြေရင်း သက်ဆိုင်ရာ နိုင်ငံအသင်းတွေကို အပြိုင် အားပေးနေကြတာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်ကို ပြင်သစ်က ဂိုးပြတ်အနိုင်ရတဲ့ ပွဲကိုလည်း နှစ်ဖက်ပရိသတ်တွေ အတူတကွ အားပေးခဲ့ကြပြီး အနိုင်ရသွားတဲ့ ပြင်သစ်ပရိသတ်တွေဟာ ပွဲအပြီးမှာ ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ပါတယ်။ ပြင်သစ်ပရိသတ် တစ်ဦးက ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သလို သွင်းဂိုးတွေလည်း အများအပြား မြင်ခဲ့ရလို့ ကျေနပ်မိကြောင်း ပြောကြားသွားပါတယ်။ ဆွစ်ဇာလန် ပရိသတ်တစ်ဦးကတော့ ”(၂)သင်းစလုံး တိုက်စစ်ဖွင့် ကစားခဲ့လို့ ပွဲကအတော် ကြည့်ကောင်းခဲ့တာပါ။ ဂိုးပြတ်ရှုံးခဲ့ပေမယ့် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်နိုင်ပါသေးတယ်”လို့ ပြောခဲ့ပါတယ်။ ၂၀၁၀ကမ္ဘာ့ဖလားမှာ အုပ်စုတွင်း နောက်ဆုံးအဆင့်သာ ရရှိခဲ့တဲ့အထိ အခြေအနေ ဆိုးရွားခဲ့တဲ့ ပြင်သစ်အသင်းဟာ ဒီနှစ်ပြိုင်ပွဲမှာတော့ (၂)ပွဲဆက်အနိုင်ရပြီး (၁၆)သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
No comments:
Post a Comment