လက်မှတ် မှောင်ခိုလို့ စွပ်စွဲပြီး ချီလီနိုင်ငံသား တစ်ဦးကို ဖမ်းဆီး
စပိန်နဲ့ချီလီကစားတဲ့ ရီယိုမြို့က မာရာကာနာ ကွင်းအပြင်မှာ လက်မှတ်မှောင်ခိုလို့ မသင်္ကာတဲ့ ချီလီနိုင်ငံသား တစ်ဦးကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးလိုက်ပါတယ်။ ဘရာဇီးလ်ရဲ့ အဖွဲ့ဟာ လက်မှတ်တွေနဲ့အတူ ဒေါ်လာငွေတွေ၊ ဘရာဇီးလ် ရီယယ်ငွေတွေကိုပါ အဲဒီလူဆီက သိမ်းဆည်းရမိပါတယ်။ အရပ်ဝတ်နဲ့ ရဲအဖွဲ့ဝင်တစ်ဦးကလည်း မသင်္ကာသူ နောက်တစ်ဦးကို ဖမ်းဖို့ကြိုစားခဲ့ပါတယ်။ အဲဒီလူကလည်း ချီလီလူမျိုးပဲဖြစ်ပြီး လွတ်သွားပါတယ်။ ဖီဖာခေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ဟာ ကမ္ဘာ့ဖလားပွဲ ကျင်းပနေစဉ်မှာ လက်မှတ်မှောင်ခိုတွေကို နှိမ်နင်းမယ်လို့ သတိပေးထားပါတယ်။
No comments:
Post a Comment