ရုပ်သံတွေကတဆင့် ဘရာဇီး ပရိသတ်တွေ အားပေးနေကြ
ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုးမြို့က ပရိသတ်တွေဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်နေတဲ့ နိုင်ငံအသင်း ပွဲစဉ်တွေကို ရုပ်သံတွေကတဆင့် အားပေးကြည့်ရှု နေကြပါတယ်။ ဘရာဇီးပရိသတ် (၈၀)ရာခိုင်နှုန်းကျော်ဟာ ရုပ်သံတွေကတဆင့် အားပေးနေတာဖြစ်ပြီး အလုပ်သမား အများစုကတော့ ဘရာဇီးအသင်း ကစားတဲ့နေ့တွေမှာ နေ့လည်ပိုင်း နားချိန်ယူပြီး ကြည့်ရှုကြတာ ဖြစ်ပါတယ်။ စီးပွားရေး မညီမျှမှုကြောင့် ကွင်းအတွင်း သွားရောက် ကြည့်ရှု နိုင်သူတွေရှိသလို နေအိမ်က ရုပ်သံစက်ရှေ့ကနေပဲ လက်ရွေးစင် အသင်းကို အားပေးနေရသူတွေလည်း အများအပြား ရှိနေတာ ဖြစ်ပါတယ်။ငွေကြေး ကြွယ်ဝသူတွေအနေနဲ့ တောတောင် နောက်ခံရှုခင်းတွေနဲ့ သာယာလှပပြီး ဘရာဇီးရဲ့ အကောင်းဆုံး နေရာတစ်ခုဖြစ်တဲ့ ဂျော်ကီကလပ်မှာ အတူတကွ စုစည်းကြပြီး ဧရာမ ရုပ်သံစက်ကြီးတွေကတစ်ဆင့် ဘရာဇီးအသင်း ပွဲစဉ်တွေကို ကြည့်ရှုကြသလို ဆင်းရဲသား အများစုနေထိုင်တဲ့ ဆန်တာမာတာလို တောင်ပေါ် ဒေသတွေမှာတော့ အိမ်ကရုပ်သံစက်ကနေသာ နိုင်ငံအသင်းကို အားပေးနေကြတာ ဖြစ်ပါတယ်။ ယနေ့ ဘရာဇီးအသင်းမှာ ပါဝင်နေတဲ့ ကစားသမား အများစုဟာ တစ်ချိန်က အခုလိုပဲ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနည်းတဲ့ ဒေသကနေ ထွက်ပေါ်လာသူတွေဖြစ်လို့ သူ့သားကိုလည်း အောင်မြင်တဲ့ ဘောလုံးသမားတစ်ဦး ဖြစ်လာဖို့ မျှော်လင့်ကြောင်း ဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။
No comments:
Post a Comment