ဂျပန် JILAF ဖောင်ဒေးရှင်းမှ မြန်မာ အလုပ်သမား အဖွဲ့များကို သင်တန်းပေးမည်
ဂျပန်နိုင်ငံ၏
နိုင်ငံတကာ အလုပ်သမား ဖောင်ဒေးရှင်း (JILAF) မှမြန်မာနိုင်ငံရှိ အလုပ်သမားများကို ဖိတ်ခေါ်၍ အလုပ်သမားရေးရာ သင်တန်းပေးသွားမည် ဖြစ်ကြောင်း
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FTUM) မှ သိရသည်။
ယင်း အလုပ်သမားရေးရာ သင်တန်းသို့
အထည်ချုပ် ကဏ္ဍ၊ ပို့ဆောင်ရေး ကဏ္ဍ၊ သတ္တု ကဏ္ဍ၊ လူသုံးကုန် ကဏ္ဍများမှ FTUM
အဖွဲ့ချုပ်အဖွဲ့ဝင် စက်ရုံအလုပ်ရုံများရှိ အလုပ် သမား သမဂ္ဂခေါင်းဆောင် ၁ဝ
ဦး ကို ရွေးချယ်ပြီး ယမန်နေ့ညတွင် ဂျပန်နိုင်ငံသို့ သင်တန်း တက်ရောက်ရန်
စေလွှတ် ခဲ့ကြောင်း သိရ သည်။
သင်တန်း၌ ဂျပန်နိုင်ငံရှိ အလုပ်သမား
ရေးရာဥပဒေများ၊ ဂျပန်နိုင်ငံ အလုပ်သမား သမဂ္ဂများ၏ လက်ရှိ အခြေအနေ၊
အနည်းဆုံး အခကြေးငွေ ဆိုင်ရာ အကြောင်းအရာများ စုပေါင်း ညှိနှိုင်း
တောင်းဆိုမှု ဆိုင်ရာ များ၊ ဒီမိုကရေစီကျသော သမဂ္ဂ လှုပ်ရှားမှုများ၊
သမဂ္ဂများအချင်းချင်း သတင်း အချက်အလက်များ ချိတ်ဆက် ဖလှယ်ခြင်းနှင့်
စက်ရုံများရှိ လုပ်ငန်းခွင် အခြေအနေများကို လက်တွေ့ ကွင်းဆင်း လေ့လာခြင်းများကို သွားရောက် လေ့လာမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment