ရန်ကုန် တက္ကသိုလ် မြန်မာစာ ဌာနမှ စာပေ တည်းဖြတ်မှု အတတ် ပညာနှင့် နိုင်ငံခြားသား များအတွက် အခြေခံ မြန်မာဘာသာ သင်တန်း ဖွင့်လှစ်မည်
မြန်မာစာဌာနမှ
သင်ကြားသော စာပေတည်းဖြတ်မှု အတတ်ပညာနှင့် နိုင်ငံခြားသားများအား အခြေ ခံ
မြန်မာ ဘာသာ အဆင့်(၁)နှင့် အဆင့်(၂) သင်တန်းများကို ဇွန်လတွင် ဒုတိယအကြိမ်
ထပ်မံဖွင့်လှစ် လိုက်ကြောင်း ရန်ကုန် တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။
အဆိုပါ သင်တန်းတွင် ပထမအကြိမ် သင်တန်း၌
နိုင်ငံခြားသားများ၊ အခြေခံမြန်မာ ဘာသာ အဆင့်(၁) ပြီးသူများသည် အဆင့် (၂)
သင်တန်းကို တက်ရောက်ရမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြား သည်။
အဆိုပါ သင်တန်းသည် သုံးလခွဲကြာမြင့်မည်
ဖြစ်ပြီး စာပေတည်းဖြတ်မှု သင်တန်းကို တက်ရောက် လိုသူ များ သည် တက္ကသိုလ်ဝင်တန်း
အောင်မြင်ထားသူ မည်သူမဆို တက်ရောက် နိုင်သည်။
ထို့ပြင် အခြေခံ မြန်မာဘာသာ သင်တန်း
တက်ရောက်လိုသော နိုင်ငံခြားသားများသည် သင်တန်း ကာလ အတွင်း မြန်မာနိုင်ငံ၌
တရားဝင် နေထိုင်ခွင့် ရရှိထားသူများ ဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို တက်ရောက် သင်ယူလိုပါက မြန်မာစာဌာန ရန်ကုန် တက္ကသိုလ် တောင်ငူဆောင်၌ ဆက်သွယ်မေးမြန်း နိုင်ကြောင်း သတင်း ရရှိသည်။
No comments:
Post a Comment