အီဘိုလာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးမှုမြင့် တက် နေတဲ့ အနောက် အာဖရိကနိုင်ငံများ
ဖေဖော်ဝါရီလက စတင်ဖြစ်ပွားခဲ့တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် အနောက်အာဖရိကနိုင်ငံတွေ မှာ သေဆုံး သူဦးရေဟာ (၃၃၇)ဦးအထိ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ အနောက်အာဖရိကမှာ အီဘီုလာ ဗိုင်းရပ်စ်ပိုးကြောင့်
သေဆုံးသူဦးရေ(၃၃၇) ရှိသွားပြီဖြစ်တယ် လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က
ပြောကြားခဲ့ပြီး လွန်ခဲ့တဲ့ရက်သတ္တပတ်မှာ လူ(၁၄)ဦး သေဆုံးခဲ့ပြီးတော့
(၄၇)ဦးထပ်မံ ကူးစက် ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဂူနီးယားနိုင်ငံမှာ အီဘိုလာ ပိုးကြောင့် သေဆုံးသူ(၂၆၄)ဦးနဲ့ အဆိုးဆုံး
ရင်ဆိုင်နေရပြီး ဆီရီယာလီယွန်နိုင်ငံမှာ (၄၉)ဦး၊
လိုက်ဘေးရီးယားမှာ(၂၄)ဦးသေဆုံးခဲ့ပါတယ်။ အီလိုလာဗိုင်းရပ်စ်ပြန့်ပွား မှုဟာ
ဖေဖော်ဝါရီလထဲက စတင်ခဲ့ပြီး ပထမဆုံး ဂူနီးယားမြောက်ပိုင်းက ဂူကဲဒိုးဒေသမှာ
စတင်ဖြစ်ပေါ် ခဲ့ပြီးနောက် အိမ်နီးချင်းနိုင်ငံတွေကိုပါ
ကူးစက်ခဲ့တာဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်လို့ သံသယရှိသူနဲ့
အတည်ပြုပြီးသူစုစုပေါင်း(၅၀၀)ကျော်ကို မှတ်တမ်းတင်ထား ပြီဖြစ်တယ်လို့ WHO က
ပြောကြားခဲ့ ပါတယ်။ အီဘိုလာဗိုင်းရပ်စ်အတွက် ကုသဖို့ နည်းလမ်းမရှိသေးဘဲ
ကူးစက်ခံရသူဦးရေရဲ့ (၂၅)ရာခိုင်နှုန်းကနေ (၉၀)ရာခိုင်နှုန်းအထိ
သေဆုံးခဲ့ပါတယ်။
ကူးစက်ခံရသူရဲ့ ရောဂါလက္ခဏာတွေ ကတော့ ခန္ဓာကိုယ်အတွင်းနဲ့အပြင်
သွေးယိုခြင်း၊ ၀မ်းပျက်ခြင်းနဲ့ ပျို့အန်ခြင်းတို့ဖြစ်ပါတယ်။ အင်္ဂါနေ့က
လိုက်ဘေးရီးယားနိုင်ငံရဲ့ မြို့တော်မွန်ရိုးဗီးယားမှာ အီဘိုလာကြောင့်
ပထမဆုံးသေဆုံးမှု ဖြစ်ပွားခဲ့ပြီး ဆီရီယာလီယွန်မှ ပြောင်းရွှေ့လာတဲ့ မိခင်နဲ့
ကလေးတစ်ယောက်အပါအ၀င် လူ(၇)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီရောဂါပိုးကိုရပ်တန့်ဖို့ WHO ကကြိုးစားနေပြီး
အဲ့ဒီအာဖရိကနိုင်ငံသုံးခုကို သွားလာမှု ပိတ်ပင်ဖို့တောက်
မလိုအပ်တော့သေးဘူးလို့ အာမခံခဲ့ပါတယ်။ အီဘိုလာပိုးကြောင့် ၀မ်းပျက်အော့အန်
သူတွေကို ရေဓာတ်ပြန်လည် ဖြည့် ဆည်းပေးခြင်းနဲ့ ကုသနိုင်ပြီ
အဲ့ဒီဗိုင်းရပ်စ်ကို သစ်သီးစားလင်းနို့တွေက စတင်သယ်ဆောင်လာ တာဖြစ်တယ်လို့
သိရပါတယ်။
No comments:
Post a Comment